ဧရာဝတီ၊ ဇူလိုင် ၁၅၊ ၂၀၁၉
ပြည်သူလူထုက စိတ်ဝင်စားနေပြီး အရေးကြီးတဲ့ အမှုတခု ဖြစ်တာကြောင့် တရားလွှတ်တော်ချုပ်ရဲ့ ညွှန်ကြားချက်နဲ့ နေပြည်တော်က ဗစ်တိုးရီးယား အမှုကို ခရိုင်အဆင့် တရားသူကြီး ၂ ဦး ပါဝင်တဲ့ ခုံရုံးဖွဲ့ ပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။
နေပြည်တော်က ပုဂ္ဂလိက မူကြိုကျောင်းတခုမှာ သက်ငယ် မုဒိမ်းမှု ကျူးလွန်တယ်ဆိုပြီး တရားစွဲခံထားရတဲ့ ကိုအောင်ကြီးကို ဒီနေ့ နံနက်ပိုင်း ရုံးထုတ်ရမန်ယူခဲ့ပေမယ် အမှုစစ်ဆေးခြင်း မရှိသေးဘဲ လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်။
ရိုက်ကူး - ကျော်မျိုး၊ ထက်နိုင်ဇော်

Category
🗞
News