Skip to playerSkip to main contentSkip to footer
  • 9/16/2019
ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်း မူလတန်းကျောင်းနဲ့ ကပ်လျှက်ရှိတဲ့ တောင်ပေါ်က အောင်စင်္ကြာစေတီတော်အရံစေတီတွေ နိမ့်ဆင်းသွားတဲ့အတွက် တောင်ပြိုကျမှု အန္တရာယ်တွေ ဖြစ်လာရင် မထိခိုက်စေဖို့ ကလေး ၁၄၀ ကျော်ကို သြဂုတ်လ ၂၇ ရက်နေ့က သဲဖြူကုန်း အလယ်တန်းကျောင်းကို ပြောင်းရွှေ့သင်ကြားစေခဲ့ပါတယ်။

ရဲပြားကုန်းမူလတန်းကျောင်းကို ပြောင်းရွှေ့တည်ဆောက်ဖို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းဘေး မုတ္တမကျွဲခြံ အဝင်လမ်းထောင့်မှာ မြေနေရာရရှိပြီးဖြစ်လို့ ပေ ၉၀၊ ပေ ၃၀ရှိတဲ့ RC ၂ ထပ်ကျောင်းဆောင်ကို စက်တင်ဘာ ၁၅ ရက်က နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်း ၁ ထောင်ကျော်နဲ့ စတင်တည်ဆောက်နေပါတယ်။

ရိုက်ကူး - ဥာဏ်စိုးဝင်း

တည်းဖြတ် - ဇော်နောင်လင်း

Category

🗞
News

Recommended