ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ (NRPC) နှင့် အတူ တပ်မတော်ဘက်မှ ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး အပါအ၀င် အချက် ၇ချက်ကိုသဘောတူညီခဲ့ကြပြီး လာမည့် အောက်တိုဘာလတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

Category
🗞
News