" အာမခံထားရှိခဲ့လို့ ကျွန်မတို့ရဲ့ ဘဝလေး အမြန်ဆုံး ပြန်လည်ရပ်တည်နိုင်ခဲ့တယ်"

  • 5 years ago
ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊
ပြည်ထောင်စုလမ်းပေါ်တွင် (၂၂.၈.၂၀၁၇) ရက်နေ့ညတွင် လေယာဉ်ဆီသယ်ယာဉ်နှင့် ကွန်တိန်နာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ဧရာမြန်မာအာမခံတွင် မီးအာမခံထားရှိသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းရှိ ဦးမင်းနိုင်ပိုင်ဆိုင်သော နိုင်မြန်မာ မော်တော်ကားပြုပြင်ရေးမှ အလုပ်ရုံ၊ နေအိမ် အဆောက်အဦးတို့ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ပါသည်။

မီးလောင်ပျက်စီးဆုံးရှုံးမှုအတွက် ဧရာမြန်မာအာမခံမှ အာမခံလျော်ကြေးငွေ ကျပ် သိန်းတစ်ထောင့်ခြောက်ရာကျော် အားပေးအပ်ခဲ့သည်။