ဧရာဝတီ၊ ဇူလိုင် ၄၊ ၂၀၁၉
နေပြည်တော်ကောင်စီနယ်မြေရှိ Wisdom Hill ပုဂ္ဂလိကကျောင်းမှ ကျောင်းသူ ကလေးငယ် လိင်အကြမ်း ဖက်ခံရမှုမှ သံသယတရားခံကို ဖမ်းဆီးထားကြောင်း နေပြည်တော် ဒက္ခိဏ ခရိုင် ဒုတိယ တရာသူကြီး ဦးညိုဌေး က သတင်းမီဒီယာများရှေ့တွင် ရှင်းလင်းသည်။
သံသယ တရားခံ ကိုအောင်ကျော်မျိုး (ခ) အောင်ကြီး ဆိုသူကို ယနေ့မနက်ပိုင်းက တရားရုံး တင်ပို့ခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုကာ နေပြည်တော် အချုပ်ထောင်တွင် ချုပ်ထားကြောင်း သိရသည်။
ရုပ်/သံ - ထက်နိုင်ဇော်

Category
🗞
News