မန္တလေးတိုင်းဝန်ကြီးဌာန အသစ်တခုတိုး (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ ၊ ဇွန် ၂၁ ၊ ၂၀၁၉

မန္တလေးတိုင်းအတွင်း ရွှေ့ပြောင်းလုပ်သားများစိစစ်နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ကာ "မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန" တခုတိုးချဲ့ဖွဲ့စည်းရန် ယနေ့ကျင်းပသော တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုလိုက်သည်။

၎င်းဝန်ကြီးဌာနအား တာဝန်ယူမည့် ဝန်ကြီးရာထူးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ အမည်စာရင်းအား နိုင်ငံတော်သမ္မတရုံးထံ အဆိုပြုတင်ပြထားပြီး လာမည့် ဇူလိုင်လအတွင်း ခန့်အပ်နိုင်မှာဖြစ်တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ရိုက်ကူး - မြတ်ပြည့်ဖြိုး

Recommended