ပရိသတ္ရဲ႕ မ်က္ရည္ေတြ ခ်ဴမယ့္ ခ်ဴဆီစက္တင္ဘာ - ၆၊၂၀၁၈အေျခအေနမတူတဲ့အမ်ိဳးသမီးေတြရဲ႕အေၾကာင္းကို အသားေပးရိုက္ကူးထားတဲ့ခ်ဴဆီ ရုပ္ရွင္ဇာတ္ကားၾကီးကို လာမယ့္ စက္တင္ဘ

  • 6 years ago
ပရိသတ္ရဲ႕ မ်က္ရည္ေတြ ခ်ဴမယ့္ ခ်ဴဆီ

စက္တင္ဘာ - ၆၊၂၀၁၈

အေျခအေနမတူတဲ့အမ်ိဳးသမီးေတြရဲ႕အေၾကာင္းကို အသားေပးရိုက္ကူးထားတဲ့ခ်ဴဆီ ရုပ္ရွင္ဇာတ္ကားၾကီးကို လာမယ့္ စက္တင္ဘာ ၁၄ရက္ေန႔မွာ ရံုတင္ျပသသြားမွာျဖစ္ပါတယ္။

ေအာင္ေခတ္မင္းရုပ္ရွင္ထုတ္လုပ္ေရးရဲ႕ ဒုတိယေျမာက္ေျခလွမ္းျဖစ္တဲ့ ခ်ဳဆီ ဇာတ္ကားက ဇာတ္ကားမရိုက္ခင္ကတည္းက ပရိသတ္ေတြက စိတ္ဝင္စားေနၾကတာပါ ။

ဒါ့အျပင္ ဒီဇာတ္ကားဟာ အကယ္ဒမီမင္းဦး ဒါရိုက္တာ အျဖစ္ ပထမဆံုးရိုက္ကူးတဲ့ ရုပ္ရွင္ဇာတ္ကားလည္း ျဖစ္ပါတယ္ ။

ေအာင္ေခတ္မင္းရုပ္ရွင္ရဲ႕ စင္တင္မင္းသား ေက်ာ္ထက္ေအာင္နဲ႔အတူ မင္းသမီးငါးေယာက္တို႔ဟာ ဒီဇာတ္ကားထဲမွာ ပရိသတ္ရဲ႕မ်က္ရည္ေတြကို ဘယ္လိုခ်ဴၾကဦးမလဲဆိုတာ ပရိသတ္ၾကီးက ေစာင့္ၾကည့္ရမွာပါ။

ဒီဇာတ္ကားထဲမွာ သရုပ္ေဆာင္ ေက်ာ္ထက္ေအာင္၊ အကယ္ဒမီမယ္လိုဒီ ၊ ေအးျမတ္သူ ၊ အိေခ်ာပိုနဲ႔ နန္းဆုဦးတို႔ အဓိကပါဝင္သရုပ္ေဆာင္ထားပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

(Unicode)

ပရိသတ်ရဲ့ မျက်ရည်တွေ ချူမယ့် ချူဆီ

စက်တင်ဘာ - ၆၊၂၀၁၈

အခြေအနေမတူတဲ့အမျိုးသမီးတွေရဲ့အကြောင်းကို အသားပေးရိုက်ကူးထားတဲ့ချူဆီ ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာ ၁၄ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ ချုဆီ ဇာတ်ကားက ဇာတ်ကားမရိုက်ခင်ကတည်းက ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ ။

ဒါ့အပြင် ဒီဇာတ်ကားဟာ အကယ်ဒမီမင်းဦး ဒါရိုက်တာ အဖြစ် ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ် ။

အောင်ခေတ်မင်းရုပ်ရှင်ရဲ့ စင်တင်မင်းသား ကျော်ထက်အောင်နဲ့အတူ မင်းသမီးငါးယောက်တို့ဟာ ဒီဇာတ်ကားထဲမှာ ပရိသတ်ရဲ့မျက်ရည်တွေကို ဘယ်လိုချူကြဦးမလဲဆိုတာ ပရိသတ်ကြီးက စောင့်ကြည့်ရမှာပါ။

ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ကျော်ထက်အောင်၊ အကယ်ဒမီမယ်လိုဒီ ၊ အေးမြတ်သူ ၊ အိချောပိုနဲ့ နန်းဆုဦးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

😹
Fun

Recommended