
  • 6 years ago

သြဂုတ် - ၄ ၊၂၀၁၈









(Unicode)

ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားအတွက်ရန်ကုန်တက္ကသိုလ်မှာ ပြင်ဆင်နေ

သြဂုတ် - ၄ ၊၂၀၁၈

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ ကျင်းပမယ့် ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားအတွက် ပြင်ဆင် နေကြပါပြီ ။

အခမ်းအနားကို ရန်ကုန်တက္ကသိုလ် နားနေဆောင်ခန်းမမှာ သြဂုတ်လ ၆ ရက်နေ့ကစပြီး သုံးရက်တာ ကျင်းပမှာဖြစ်ပါတယ်။

ဒါအပြင် အခမ်းအနားကိုတက်ရောက်ဖို့အတွက် အစိုးရနဲ့ လွှတ်တော်ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖိတ်ကြား ထားပြီးပြီးလို့လဲသိရပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ ရှစ်လေးလုံးနှစ်၃၀ ပြည့်အခမ်းအနားကိုတက်ရောက်ဖို့အတွက် အခမ်းအနားဖြစ်မြောက်ရေးကော်မ တီဝင်တွေက မနေ့ကသြဂုတ်၃ရက်မှာ နေပြည်တော်ကို သွားရောက်ပြီး ဖိတ်ကြားခဲ့တာပါ။

ရှစ်လေးလုံးနှစ် ၃၀ ပြည့်အခမ်းအနားမှာ နိုင်ငံရေးဆွေးနွေးပွဲတွေအပြင် သမိုင်းနဲ့ဆိုင်တဲ့ပြခန်းတွေ လည်းပြသမယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရှစ်လေးလုံး ၂၅နှစ်ပြည့်အခမ်းအနားကို တော့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက ်ခဲ့ပါတယ်။

ရုပ်သံသတင်းထောက် -စောအောင်မင်းဦး

#ရှစ်လေးလုံး #ရန်ကုန်တက္ကသိုလ် #ပုလဲရတု #7DAY TV