ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်ပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်ဇွန် ၁၀ ၊ ၂၀၁၈ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်နေ့မှာ နှစ် ၃၀ စာနိုင်ငံရေးအြေ

  • 6 years ago
ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်ပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်

ဇွန် ၁၀ ၊ ၂၀၁၈

ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်နေ့မှာ နှစ် ၃၀ စာနိုင်ငံရေးအကြောင်းတွေကို ဆွေးနွေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ သင်္ဃန်းကျွန်းမှာရှိတဲ့ မဂ္ဂင်ကျောင်းတိုက်မှာ ရှစ်လေးလုံးအရေးတော်ပုံမှာပါဝင်ခဲ့တဲ့ သူတွေစုပေါင်းပြီး နှစ် ၃၀ ပြည့်အခမ်းအနားပြုလုပ်ဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာတော့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဘယ်လိုတွေ လုပ်ဆောင်မယ် ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ခဲ့ကြတာဖြစ်ပြီး၊ နှစ်၃၀ စာ နိုင်ငံေ၇းဆွေးနွေးပွဲတွေလည်း လုပ်ဆောင်သွားမည်လို့ သိရပါတယ်။

ရှစ်လေးလုံးငွေရတုတုန်းက ချမှတ်ခဲ့တဲ့ မူဝါဒတွေကို ဆက်လက်အကောင်အထည်ဖော်ရေးကိုလည်း တိုင်ပင်ကြဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံနေ့ကို သြဂုတ်လ ၈ ရက်နေ့ရောက်တိုင်း ကျင်းပလေ့ရှိပြီး၊ သမိုင်းအတွေ့အကြုံတွေပြန်ပြောင်းပြောပြတာတွေနဲ့ ကျဆုံးသွားကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းကို အလေးပြုတာတွေကို နှစ်စဉ်ပြုလုပ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်ရှင်။

ရုပ်သံသတင်းထောက် - ယဉ်မွန်