ထောင်ဒဏ် ၁၀ နှစ် ချခံရသည့် သတင်းသမားများအတွက် ဆန္ဒဖော်ထုတ်ပွဲနှင့် ဆုတောင်းပွဲပြုလုပ်

  • 7 years ago
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေဖြင့် အစိုးရမှ တရားစွဲဆိုခဲ့ပြီးနောက် ယူနတီဂျာနယ်မှ သတင်းထောက် ၄ ဦးနှင့် အမှုဆောင်အရာရှိချုပ်တို့ကို ဇူလိုင်လ ၁၀ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။
ထိုသို့ အမိန့်ချမှတ်လိုက်ခြင်းကြောင့် နိုင်ငံတွင်းမှာရှိတဲ့ သတင်းဌာနများနှင့် ရုပ်သံဌာနများမှာရှိတဲ့ သတင်းသမားများက ကန့်ကွက်ခဲ့ကြပြီး ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားတွင် ဇူလိုင်လ ၁၁ ရက်နေ့က ဆန္ဒထုတ်ဖော် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

www.mizzima.tv