၂၁ ပင္လုံတတိယအႀကိမ္အစည္းအေဝးကိုေျမာက္ပိုင္းလက္နက္ကိုင္ ခုနွစ္ဖြဲ႕ တက္မယ္ ဇူလိုင္ - ၄ ၊၂၀၁၈လာမယ့္ လထဲမွာ က်င္းပမယ့္ ၂၁ရာစုပင္လုံ တတိယအႀကိမ္ အစည္းအေဝးကို တစ္

  • 6 years ago
၂၁ ပင္လုံတတိယအႀကိမ္အစည္းအေဝးကိုေျမာက္ပိုင္းလက္နက္ကိုင္ ခုနွစ္ဖြဲ႕ တက္မယ္

ဇူလိုင္ - ၄ ၊၂၀၁၈

လာမယ့္ လထဲမွာ က်င္းပမယ့္ ၂၁ရာစုပင္လုံ တတိယအႀကိမ္ အစည္းအေဝးကို တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး စာခ်ဳပ္ လက္မွတ္မထိုးရေသးတဲ့ ေျမာက္ပိုင္း လက္နက္ကိုင္ခုနွစ္ဖြဲ႕နဲ႕ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) တို႕တက္ေရာက္မယ္လို႕ သိရပါတယ္။

ဒီအဖြဲ႕ေတြကို တက္ေရာက္ဖို႕ ဖိတ္ၾကားထားတာျဖစ္ၿပီး တက္ေရာက္မယ္လုိ႕အေၾကာင္းျပန္ထားတယ္လို႕ သမၼတရုံးေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

ေျမာက္ပိုင္းခုနွစ္ဖြဲ႕ ညီလာခံတက္ဖို႕အတြက္ တစ္ဖြဲ႕ခ်င္းစီကို ဖိတ္စာပို႕ခဲ့သလို တရုတ္သံရုံးကေန တဆင့္ လည္း ဖိတ္စာပို႕ခဲ့တယ္လုိ႕ ဆိုပါတယ္။

ၿပီးခဲ႔တဲ႔ ဒုတိယအႀကိမ္ ပင္လံုညီလာခံမွာ ဝအဖြဲ႔ထျပန္သြားတဲ႔ ကဒ္ျပား အမွားမ်ိဳးမျဖစ္ဖုိ႔အတြက္လည္း ႀကိဳတင္ျပင္ဆင္ထားတယ္လုိ႔ ဆုိပါတယ္။

တတိယအႀကိမ္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၂၁ ရာစုပင္လံုအစည္းအေဝးကုိ လာမယ္ ဇူလိုင္ ၁၁ ရက္ကေန ၁၆ ရက္ေန႔ထိ ေနျပည္ေတာ္္မွာ က်င္းပသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ေတြကေတာ့ ‘ဝ’အဖြဲ႕ (UWSA)၊ ကခ်င္ အဖြဲ႕ (KIA)၊ မုိင္းလားအဖြဲ႕ (NDAA)၊ ရွမ္းအဖြဲ႕ (SSPP)၊ တအာင္းအဖြဲ႕ (TNLA)၊ ကိုးကန္႔ အဖြဲ႕ (MNDAA)ႏွင့္ ရခုိင္အဖြဲ႕ (AA) တို႕ျဖစ္ပါတယ္။

ရုပ္သံသတင္းေထာက္ - ေမာင္သင္တုန္း

#ပင္လုံ #ေျမာက္ပိုင္းခုနွစ္ဖြဲ႕ #NCA #7DAY TV #တရုတ္သံရုံး

(Unicode)

၂၁ ပင်လုံတတိယအကြိမ်အစည်းအဝေးကိုမြောက်ပိုင်းလက်နက်ကိုင် ခုနှစ်ဖွဲ့ တက်မယ်

ဇူလိုင် - ၄ ၊၂၀၁၈

လာမယ့် လထဲမှာ ကျင်းပမယ့် ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း လက်နက်ကိုင်ခုနှစ်ဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့တက်ရောက်မယ်လို့ သိရပါတယ်။

ဒီအဖွဲ့တွေကို တက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပြီး တက်ရောက်မယ်လို့အကြောင်းပြန်ထားတယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

မြောက်ပိုင်းခုနှစ်ဖွဲ့ ညီလာခံတက်ဖို့အတွက် တစ်ဖွဲ့ချင်းစီကို ဖိတ်စာပို့ခဲ့သလို တရုတ်သံရုံးကနေ တဆင့် လည်း ဖိတ်စာပို့ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ ဝအဖွဲ့ထပြန်သွားတဲ့ ကဒ်ပြား အမှားမျိုးမဖြစ်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံအစည်းအဝေးကို လာမယ် ဇူလိုင် ၁၁ ရက်ကနေ ၁၆ ရက်နေ့ထိ နေပြည်တော််မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကတော့ ‘ဝ’အဖွဲ့ (UWSA)၊ ကချင် အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့ (AA) တို့ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

#ပင်လုံ #မြောက်ပိုင်းခုနှစ်ဖွဲ့ #NCA #7DAY TV #တရုတ်သံရုံး