
  • 6 years ago

ဇူလိုင် - ၂၃ ၊၂၀၁၈







(Unicode)

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး

ဇူလိုင် - ၂၃ ၊၂၀၁၈

ဒီကနေ့ ဇူလိုင် ၂၃ ရက်အတွက် ငွေလဲနှုန်းတွေ၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကို 7Day TV က နေ့စဉ် နံနက် ၁၁ နာရီမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့ အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၄၂၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၄၂၄ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၅၀ ကျပ် (ဘဏ်ကအဝယ်)၊၁၆၆၀ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။

စင်ကာပူတစ်ဒေါ်လာကို ၁၀၄၂ ကျပ် (ဘဏ်ကအဝယ်)၊ ၊ ၁၀၄၆ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ တရုတ်ယွမ်ကတော့ တစ်ယွမ်ကို ၂၀၉ကျပ် (ဘဏ်ကအဝယ်)၊ ၂၁၁ ကျပ် (ဘဏ်ကအရောင်း) ဈေးရှိနေပါတယ်။

ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၃ကျပ် (ဘဏ်ကအဝယ်)၊ ၄၄ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။

ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၉၄၇၀၀၀ ကျပ်နဲ့ ဈေးဖွင့်ထားပါတယ်။

စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၁၅ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၃၀ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၉၀ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၄၀ ကျပ်ဈေးဖြစ်ပါတယ်။