
  • 6 years ago

ဇူလိုင်-၃၀၊ ၂၀၁၈

ငါးရက်ကြာပိတ်ထားခဲ့ရတဲ့ ရန်ကုန် မော်လမြိုင် ဘီးလင်းလမ်းပိုင်းက ယာဉ်တန်းတွေကို ဒီကနေ့ နေ့လယ်ပိုင်းက စတင်စမ်းသပ်လွှတ်ပေးလိုက်ပါတယ်။

ဒီကနေ့မှာ ဘီးလင်းမြစ်ရေကျလာတဲ့အတွက် လမ်းပိုင်းကိုဖြတ်သန်းသွားလာခွင့်ပြုလိုက်တာပါ ။






မော်လမြိုင်-ဘီးလင်းလမ်းပိုင်း ပြန်လည်ဖွင့်လှစ်

ဇူလိုင်-၃၀၊ ၂၀၁၈

ငါးရက်ကြာပိတ်ထားခဲ့ရတဲ့ ရန်ကုန် မော်လမြိုင် ဘီးလင်းလမ်းပိုင်းက ယာဉ်တန်းတွေကို ဒီကနေ့ နေ့လယ်ပိုင်းက စတင်စမ်းသပ်လွွှတ်ပေးလိုက်ပါတယ်။

ဒီကနေ့မှာ ဘီးလင်းမြစ်ရေကျလာတဲ့အတွက် လမ်းပိုင်းကိုဖြတ်သန်းသွားလာခွင့်ပြုုလိုက်တာပါ ။

လမ်းပိုင်းဖြတ်သန်းသွားလာမှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် လမ်းပိုင်းကြီးကြပ်ကွပ်ကဲရေးက အနီးကပ်စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေနဲ့ တောင်ကျရေများကျလာတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က စပြီး ရန်ကုန် မော်လမြိုင်လမ်းကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

ရေဘေးကြောင့် ဘီးလင်းမြို့မှာ ကယ်ဆယ်ရေးစခန်း ၄၃ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စုပေါင်း တစ်သောင်းကျော် လာရောက်ခိုလှုံနေတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

#မော်လမြိုင်-ဘီးလင်း #လမ်းပိုင်းပြန်ဖွင့် #7DayTV #7DayNews