
  • 6 years ago

သြဂုတ်- ၃၀၊ ၂၀၁၈





(Unicode)

နေ့စဉ်ကုမ္ပဏီသစ်တစ်ရာကျော်မှတ်ပုံတင်နေ

သြဂုတ်- ၃၀၊ ၂၀၁၈

ကုမ္ပဏီဥပဒေသစ်အရ အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့ နေ့စဉ် ကုမ္ပဏီအသစ် တစ်ရာကျော် ဝင်ရောက်မှတ်ပုံတင်နေပြီး သြဂုတ်လ ၂၉ ရက်နေ့အထိ စာရင်းအရ ဆိုရင် မှတ်ပုံတင်ပြီးတဲ့ ကုမ္ပဏီသစ် ၁၅၆၀ ကျော်အထိ ရှိလာပြီလို့ သိရပါတယ်။

အခုလ သြဂုတ်လ ၁ ရက်နေ့ကနေ စတင်ကျင့်သုံးနေတဲ့ (MyCo) အွန်လိုင်းစနစ်သစ်သုံးပြီး မှတ်ပုံတင်တဲ့ လုပ်ငန်းကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုမ္ပဏီပေါင်း ခြောက်သောင်းကျော်က ခြောက်လအတွင်း ပြန်လည် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ဥပဒေသစ်အရ ကုမ္ပဏီတွေဟာ မှတ်ပုံအသစ်ပြန်တင်ရတာဖြစ်ပြီး ဒီလို မှတ်ပုံတင်ရာမှာ အွန်လိုင်းကနေေ ဆာင်ရွက်နိုင်အောင် စီစဉ်ပေးထားတာလို့သိရပါတယ်။

ရုပ်သံသတင်းထောက်- အလှလေး သူဇာ