၃၅ မီတာအမြင့်မှာ ကောင်းကင်ကြိုးတန်း လမ်းလျှောက်ပြတဲ့ ပြင်သစ် စတန့်မယ်ဇူလိုင်-၂၂၊ ၂၀၁၈ပြင်သစ် စတန့်မယ် တစ်ဦးဟာ မြေပြင်အထက် ၃၅ မီတာ အမြင့်ကနေ ကောင်းကင်ကြိုးတ

  • 6 years ago
၃၅ မီတာအမြင့်မှာ ကောင်းကင်ကြိုးတန်း လမ်းလျှောက်ပြတဲ့ ပြင်သစ် စတန့်မယ်

ဇူလိုင်-၂၂၊ ၂၀၁၈

ပြင်သစ် စတန့်မယ် တစ်ဦးဟာ မြေပြင်အထက် ၃၅ မီတာ အမြင့်ကနေ ကောင်းကင်ကြိုးတန်း လမ်းလျှောက်တဲ့ စတန့်ပြကွက်ကို အောင်အောင်မြင်မြင် စွမ်းဆောင်ပြခဲ့ပါတယ်။

ဇူလိုင် ၂၁ ရက်က တာတီယာနာ မိုစီယို ဘွန်ဂွန်ဂါဟာ ပါရီမြို့က ဆက်ကလစ်ခ်ျကူး ဘုရားကျောင်းကြီးမှာ ကောင်းကင်ကြိုးတန်း လမ်းလျှောက်ပြခဲ့တာ ဖြစ်ပါတယ်။ ဘွန်ဂွန်ဂါက တုတ်ရှည်တစ်ချောင်းကို ဟန်ချက်ထိန်းညှိ ကိုင်ဆောင်ရင်း မြေမျက်နှာပြင်အထက် ၃၅ မီတာ အမြင့်မှာ ကရိန်းတစ်ခုကနေတဆင့် သွယ်တန်းထားတဲ့ ကြိုးတန်းအတိုင်း လမ်းလျှောက်ပြခဲ့ပါတယ်။

ဒီစတန့်ပြကွက်ကို လူပေါင်း ရာနဲ့ချီပြီး ရင်တမမ စောင့်ကြည့်ခဲ့ကြပါတယ်။ အဆုံးမှာတော့ စတန့်မယ် အမျိုးသမီးဟာ ရည်မှန်းချက် ပန်းတိုင်ထိ ချောချောမောမော ဘေးကင်းကင်း ရောက်ရှိသွားခဲ့ပါတယ်။ သူဟာ လုံခြုံရေးအတွက် အသက်ကယ်ကြိုးကို လုံးဝမသုံးဘဲ အလွတ် လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။

ဘွန်ဂွန်ဂါက ဒီစတန့်ပြကွက်အတွက် တစ်နှစ်လောက် အချိန်ယူပြီး ပြင်ဆင်ခဲ့ရပါတယ်။ ကမ္ဘာကျော် အဆောက်အအုံကြီး တစ်ခုမှာ ကြိုးတန်း လမ်းလျှောက်ပြတာကတော့ သူ့အတွက် ဒါဟာ ပထမဆုံးလို့လည်း သိရပါတယ်။ ဘွန်ဂွန်ဂါဟာ ကောင်းကင်ကြိုးတန်း လမ်းလျှောက်တဲ့ အတတ်ပညာကို အသက် ၈ နှစ် ကတည်းက လိုက်စားခဲ့တာ ဖြစ်ပါတယ်။