• 7 years ago
တုပ္ေကြးကာကြယ္ေဆးထိုးဖို႔ ဘာေတြသိထားရမလဲ။

ဇူလိုင္-၁၇၊ ၂၀၁၈

ျမန္မာႏိုင္ငံမွာေတာ့ တုပ္ေကြးက ေႏြ၊ မိုး၊ ေဆာင္း သံုးရာသီစလံုးမွာျဖစ္တဲ့ ရာသီတုပ္ေကြးျဖစ္ပါတယ္။

တုပ္ေကြးအဖ်ားက လူကိုကိုင္ရိုက္သေလာက္ အရမ္းျပင္းထန္ပါတယ္။ တုပ္ေကြးျဖစ္ၿပီဆိုရင္ လည္ပင္းနာမယ္၊ ႏွာေခ်ေခ်ာင္းဆိုးမယ္၊ ဖ်ားမယ္၊ မ်က္ရည္ပူေတြက်မယ္၊ ေခါင္းေတြကိုက္မယ္၊ ၾကြက္သားေတြနာလာမယ္၊ ေနာက္ဆံုးေတာ့ ပ်ိဳ႕အန္တဲ့အထိျဖစ္တတ္ပါတယ္။

တုပ္ေကြးကၾကာလာၿပီးရင္ ေနာက္ဆက္တြဲ႕ေရာဂါခံစားရတာေတြရွိပါတယ္။ တုပ္ေကြးကုသဖို႔က အနားယူရမယ္၊ ေရမ်ားမ်ားေသာက္ရမယ္၊ အစာအဟာရကိုဝဝလင္လင္စားရပါမယ္လို႔ ေဒါက္တာျမင့္ဦးကေျပာပါတယ္။

တုပ္ေကြးကာကြယ္ဖို႔ကေတာ့ လူအုပ္ထဲမသြားနဲ႔၊ ဘာကိုင္ကိုင္လက္သန္႔ေအာင္အၿမဲထားပါ၊ အားရွိေအာင္ အစာအဟာရေကာင္းေကာင္းစားပါလို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ တုပ္ေကြးကာကြယ္ေဆးထိုးတဲ့အေလ့အထကေတာ္ေတာ္က်ယ္ျပန္႔လာပါတယ္၊ တုပ္ေကြးကာကြယ္ေဆးက တစ္ႏွစ္တစ္ႀကိမ္ထိုးရပါတယ္။ တုပ္ေကြးရာသီအစမွာထိုးရမွာပါ၊ အရမ္းျဖစ္ေနတဲ့အခ်ိန္က်မွထိုးလို႔မရပါဘူး။ သိပ္အေစာႀကီးႀကိဳထိုးထားလို႔လည္းမရပါဘူး၊ ကာကြယ္ေဆးရဲ႕ ကာကြယ္မႈက ၇၀ ရာခိုင္ႏႈန္းေတာင္မရွိပါဘူး၊ ကမၻာ့ေတာင္ျခမ္းကထုတ္တဲ့ကာကြယ္ေဆးကိုပဲ ထိုးပါ စသျဖင့္ ေဒါက္တာျမင့္ဦးက ဒီတစ္မ်ွေဝထားပါတယ္။

Unicode

တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ဘာတွေသိထားရမလဲ။

ဇူလိုင်-၁၇၊ ၂၀၁၈

မြန်မာနိုင်ငံမှာတော့ တုပ်ကွေးက နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံးမှာဖြစ်တဲ့ ရာသီတုပ်ကွေးဖြစ်ပါတယ်။

တုပ်ကွေးအဖျားက လူကိုကိုင်ရိုက်သလောက် အရမ်းပြင်းထန်ပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင် လည်ပင်းနာမယ်၊ နှာချေချောင်းဆိုးမယ်၊ ဖျားမယ်၊ မျက်ရည်ပူတွေကျမယ်၊ ခေါင်းတွေကိုက်မယ်၊ ကြွက်သားတွေနာလာမယ်၊ နောက်ဆုံးတော့ ပျို့အန်တဲ့အထိဖြစ်တတ်ပါတယ်။

တုပ်ကွေးကကြာလာပြီးရင် နောက်ဆက်တွဲ့ရောဂါခံစားရတာတွေရှိပါတယ်။ တုပ်ကွေးကုသဖို့က အနားယူရမယ်၊ ရေများများသောက်ရမယ်၊ အစာအဟာရကိုဝဝလင်လင်စားရပါမယ်လို့ ဒေါက်တာမြင့်ဦးကပြောပါတယ်။

တုပ်ကွေးကာကွယ်ဖို့ကတော့ လူအုပ်ထဲမသွားနဲ့၊ ဘာကိုင်ကိုင်လက်သန့်အောင်အမြဲထားပါ၊ အားရှိအောင် အစာအဟာရကောင်းကောင်းစားပါလို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တုပ်ကွေးကာကွယ်ဆေးထိုးတဲ့အလေ့အထကတော်တော်ကျယ်ပြန့်လာပါတယ်၊ တုပ်ကွေးကာကွယ်ဆေးက တစ်နှစ်တစ်ကြိမ်ထိုးရပါတယ်။ တုပ်ကွေးရာသီအစမှာထိုးရမှာပါ၊ အရမ်းဖြစ်နေတဲ့အချိန်ကျမှထိုးလို့မရပါဘူး။ သိပ်အစောကြီးကြိုထိုးထားလို့လည်းမရပါဘူး၊ ကာကွယ်ဆေးရဲ့ ကာကွယ်မှုက ၇၀ ရာခိုင်နှုန်းတောင်မရှိပါဘူး၊ ကမ္ဘာ့တောင်ခြမ်းကထုတ်တဲ့ကာကွယ်ဆေးကိုပဲ ထိုးပါ စသဖြင့် ဒေါက်တာမြင့်ဦးက ဒီတစ်မျှဝေထားပါတယ်။

Category

😹
Fun

Recommended