• 6 years ago
၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့ပြီး လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်ကလည်း မဇ္ဈိမဟာ သတင်းတင်ဆက်မှုတွေကို ပြည့်ပြည့်စုံစုံ တင်ဆက်ခဲ့ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ မီဒီယာတခု ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်တော့မယ့် ၂၀၁၀ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်မှုကို အကျယ်တဝင့် တင်ဆက်နိုင်ခဲ့ပြီး နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဇ္ဈိမဟာ Online TV ကနေတဆင့် ရွေးကောက်ပွဲနဲ့ ပတ်သတင်းတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမရိုးကျမဟုတ်တဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုဖြစ်တဲ့ Special Live Reporting သတင်းပေးပို့ချက်တွေကို တင်ဆက်ပေးနိုင်ခဲ့တာကလည်း မဇ္ဈိမရဲ့ မှတ်တိုင်တခုပဲဖြစ်ပါတယ်။ မဇ္ဈိမဟာ အွန်လိုင်းနဲ့ ဒစ်ဂျစ်တယ်မှာတင် တင်းတိမ်မနေဘဲ ၂၀၁၁ ခုနှစ်မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Mizzima English Weekly Megazine ကို တိုးချဲ့ထုတ်ဝေခဲ့ပါတယ်။
#mizzima20

Category

😹
Fun

Recommended