ဒုတိယအႀကိမ္လုပ္ငန္းရွင္ဆုေပးပြဲအတြက္ ေလွ်ာက္လႊာေတြလက္ခံၿပီ ဇူလိုင္-၅၊ ၂၀၁၈ျမန္မာ့လုပ္ငန္းရွင္ဆုေပးပြဲအတြက္ ေလွ်ာက္လႊာေတြကို မနက္ျဖန္ဇူလိုင္ ၆ ရက္ကစၿပီး လက္ခ

  • 6 years ago
ဒုတိယအႀကိမ္လုပ္ငန္းရွင္ဆုေပးပြဲအတြက္ ေလွ်ာက္လႊာေတြလက္ခံၿပီ

ဇူလိုင္-၅၊ ၂၀၁၈

ျမန္မာ့လုပ္ငန္းရွင္ဆုေပးပြဲအတြက္ ေလွ်ာက္လႊာေတြကို မနက္ျဖန္ဇူလိုင္ ၆ ရက္ကစၿပီး လက္ခံေတာ့မယ္လုိ႔ သိရပါတယ္။

ၾသဂုတ္ ၂၃ ရက္ေန႔မွာ ေလွ်ာက္လႊာပိတ္သိမ္းမွာျဖစ္ၿပီး ဆုေပးပြဲကို လာမယ့္ ႏုိ၀င္ဘာ ၃၀ ရက္ေန႔မွာ ျပဳလုပ္မွာျဖစ္ပါတယ္။

ဒီပြဲမွာ ဆုတံဆိပ္ေပါင္း ၆၀ ေက်ာ္ခ်ီးျမွင့္မွာျဖစ္ျပီး ကုမၸဏီေပါင္း ၃၀၀ ေက်ာ္ ၀င္ေရာက္ယွဥ္ျပိဳင္မယ္လုိ႔သိရပါတယ္။

ဒုတိယအၾကိမ္အျဖစ္ ျပဳလုပ္တဲ့ျပိဳင္ပြဲမွာ ျပည္တြင္းကကုမၸဏီေတြကို မ်ားမ်ား၀င္ေရာက္ယွဥ္ျပိဳင္ေစခ်င္တယ္လုိ႔ ျပိဳင္ပြဲမွာဒုိင္ခ်ဳပ္အျဖစ္ပါ၀င္ေဆာင္ရြက္တဲ့ ပါေမာကၡေဒါက္တာေအာင္ထြန္းသက္က ေျပာပါတယ္။

ဒီႏွစ္ျပိဳင္ပြဲမွာ အေသးစားအလတ္စားလုပ္ငန္းေတြရဲ႕ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႔ျဖိဳးေရးအတြက္ရည္ရြယ္ျပီး ဆုအမ်ဳိးအစားတစ္ခုလည္း ထည့္သြင္းထားတယ္လို႔ သိရပါတယ္။

အခုလို ၿပိဳင္ပြဲကို ျမန္မာႏုိင္ငံမွာ လူ႔စြမ္းအားအရင္းအျမစ္ စီမံခန္႔ခြဲမႈ အေလ့အထေကာင္းမ်ား ဖြံ႔ျဖိဳးဖုိ႔အတြက္ ရည္ရြယ္ျပီးက်င္းပတာလုိ႔ သိရပါတယ္။

၂၀၁၈ ခုႏွစ္ ျမန္မာ့လုပ္ငန္းရွင္ဆုေပးပြဲ အတြက္ အသိေပးမိတ္ဆက္တဲ့အခမ္းအနားကို ဒီကေန႔ ဇြန္လုိင္ ၅ ရက္ေန႔ ရန္ကုန္ျမိဳ႕ ႏိုဗိုတယ္ဟုိတယ္မွာ က်င္းပခဲ့တာပါ။

ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး
================================================
ဒုတိယအကြိမ်လုပ်ငန်းရှင်ဆုပေးပွဲအတွက် လျှောက်လွှာတွေလက်ခံပြီ

ဇူလိုင်-၅၊ ၂၀၁၈

မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲအတွက် လျှောက်လွှာတွေကို မနက်ဖြန်ဇူလိုင် ၆ ရက်ကစပြီး လက်ခံတော့မယ်လို့ သိရပါတယ်။

သြဂုတ် ၂၃ ရက်နေ့မှာ လျှောက်လွှာပိတ်သိမ်းမှာဖြစ်ပြီး ဆုပေးပွဲကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီပွဲမှာ ဆုတံဆိပ်ပေါင်း ၆၀ ကျော်ချီးမြှင့်မှာဖြစ်ပြီး ကုမ္ပဏီပေါင်း ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သိရပါတယ်။

ဒုတိယအကြိမ်အဖြစ် ပြုလုပ်တဲ့ပြိုင်ပွဲမှာ ပြည်တွင်းကကုမ္ပဏီတွေကို များများဝင်ရောက်ယှဉ်ပြိုင်စေချင်တယ်လို့ ပြိုင်ပွဲမှာဒိုင်ချုပ်အဖြစ်ပါဝင်ဆောင်ရွက်တဲ့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ အသေးစားအလတ်စားလုပ်ငန်းတွေရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်ပြီး ဆုအမျိုးအစားတစ်ခုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အခုလို ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အလေ့အထကောင်းများ ဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ပြီးကျင်းပတာလို့ သိရပါတယ်။

၂၀၁၈ ခုနှစ် မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲ အတွက် အသိပေးမိတ်ဆက်တဲ့အခမ်းအနားကို ဒီကနေ့ ဇွန်လိုင် ၅ ရက်နေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာပါ။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး