AA ဘက်မှ ထိန်းသိမ်းထားသော တပ်မတော်သား ၃ ဦးကို ပြန်လွှဲပေးရန် စဉ်းစားနေဟုဆို*************************မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မေလ ၂၀ ရက်က ဘူးသီးတောင်

  • 6 years ago
AA ဘက်မှ ထိန်းသိမ်းထားသော တပ်မတော်သား ၃ ဦးကို ပြန်လွှဲပေးရန် စဉ်းစားနေဟုဆို

*************************

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မေလ ၂၀ ရက်က ဘူးသီးတောင်မြို့နယ်ထဲဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရက္ခိုင့်တပ် (AA) မှဖမ်းဆီးရမိခဲ့သော တပ်မတော်သား ၃ ဦးကို အစိုးရထံပြန်လွှဲပြောင်းရန်မှာ စဉ်းစားနေဆဲသာ ရှိသေးကြောင်း AA အဖွဲ့မှပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“ သူတို့ကို စစ်သုံပန်းဥပဒေအရကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတာပါ။ သူတို့နဲ့ပတ်သက်ပြီး ဘာဆက် လုပ်ရမလဲဆိုတာတော့ အခုချိန်ထိ မဆုံးဖြတ်ရသေးဘူးဗျ။ ကျွန်တော်တို့က သူတို့လုံခြုံရေး အတွက်လည်း စဉ်းစားစရာတွေပေါ်တာပေါ့ဗျာ” ဟု ဦးခိုင်သုခက မဇ္ဈိမသို့ မေလ ၂၆ ရက်တွင် ပြောသည်။
တည်းဖြတ် - စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/39972
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

😹
Fun

Recommended