ပုပ္ပားထိပ်သီးအစည်း အဝေး အပစ်ရပ်ခေါင်းဆောင်တွေ တက်မှာလားဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၁၈မြန်မာနိုင်ငံ အလယ်ပိုင်း ပုပ္ပားတောင်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ထိပ်သီ

  • 6 years ago
ပုပ္ပားထိပ်သီးအစည်း အဝေး အပစ်ရပ်ခေါင်းဆောင်တွေ တက်မှာလား

ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၁၈

မြန်မာနိုင်ငံ အလယ်ပိုင်း ပုပ္ပားတောင်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် အတွက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကြား အကြိတ်အနယ် ဆွေးနွေးခဲ့ကြသော်လည်း တစုံတရာ သဘော တူညီမှု မရသေးကြောင်း သိရသည်။

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်မည့် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရေးအတွက် ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် အပစ်ရပ် ၁၀ ဖွဲ့က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်း အဝေး ကို အောက်တိုဘာ ၁၀ ရက်က စတင်ပြုလုပ်နေခြင်း ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲကို အစိုးရဘက်မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင် တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်

ရုပ်သံ - ကျော်ခ၊ ဧရာဝတီ

Category

😹
Fun

Recommended