ဘီဘီစီမြန်မာပိုင်း တိုက်ရိုက် ထုတ်လွှင့်မှု၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ သောကြာ ညချမ်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန် မြို့ ကနေ တိုက်ရိုက် ထုတ်လွှင်

  • 6 years ago
ဘီဘီစီမြန်မာပိုင်း တိုက်ရိုက် ထုတ်လွှင့်မှု

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ သောကြာ ညချမ်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန် မြို့ ကနေ တိုက်ရိုက် ထုတ်လွှင့် ပေးနေပါတယ်။

ဒီည နားဆင် ရမယ့် သတင်းတွေထဲမှာတော့-

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ သွားရောက်ခဲ့တဲ့ ကချင်ပြည်နယ် ခရီးစဉ် ကို ကြံ့ခိုင်ရေး ပါတီ က ဝေဖန် လိုက်ပါတယ်။ ဘာ့ကြောင့်ပါလဲ။

Eleven သတင်းဌာန က အယ်ဒီတာတွေကို ဖမ်းဆီး တရားစွဲဆို ထားမှု နဲ့ ပတ်သက်လို့ သတင်းမီဒီယာ ကောင်စီ နဲ့ ရန်ကုန် တိုင်း အစိုးရ တို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ အဖြေထုတ် နိုင်ခဲ့သလား။

နောက်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က ပုဂ္ဂလိက ကုမ္ပဏီ တွေ လိုက်နာ ရမယ့် အချက်အလက်တွေကို ထုတ်ပြန် လိုက်တဲ့ သတင်းကိုလည်း နားဆင်ရဖို့ ရှိပါတယ်။ #ဘီဘီစီမြန်မာပိုင်း

Recommended