သတိထားသင့်တဲ့ H1N1 လူတုပ်ကွေး (ရုပ်/သံ)

  • 7 years ago
ရန်ကုန်မြို့မှာ ၃ ဦး၊ ချင်းပြည်နယ်မှာ ၁၀ ဦး ဖြစ်ပွားနေတဲ့ H1N1 လို့ ခေါ်တဲ့ လူတုပ်ကွေး ရောဂါဟာ ပြင်းထန်တဲ့ တုပ်ကွေးရောဂါတမျိုး ဖြစ်လို့ သတိထားသင့်ပြီး မိုးမမိဖို့၊ အအေးမမိဖို့၊ လူထူတဲ့ နေရာတွေကို ရှောင်ရှားဖို့၊ နှာမွှန်တယ် ဆိုရင်လည်း လက်ကိုင်ပုဝါ သုံးဖို့၊ မက်စ် တပ်ဖို့၊ လက်ကို မကြာခဏဆေးဖို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က တိုက်တွန်းလိုက်ပါတယ်။
ဒီတုတ်ကွေး ကူးစက်ခံရရင် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာတော့ အသေအပျောက် ရှိနိုင်ပြီး လူလတ်ပိုင်းကတော့ ခံနိုင်ရည် အထိုက်အလျောက်ရှိကြောင်း၊ ချင်းပြည်နယ်မှာတော့ လူတုပ်ကွေး သံသယနဲ့ တဦးသေဆုံးသွားပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ပြောပါတယ်။

Category

🗞
News

Recommended