ဘိုးဘွားပိုင်မြေဧကများကို အစိုးရမှသိမ်းဆည်းထားမှုအပေါ် ဒေသခံတောင်သူများ ပြင်းထန်စွာ ကန့်ကွက်

  • 5 years ago
ဘိုးဘွားပိုင်မြေဧကများကို အစိုးရမှသိမ်းဆည်းထားမှုအပေါ် ဒေသခံတောင်သူများ ပြင်းထန်စွာ ကန့်ကွက်
********************************

ချင်းပြည်နယ်၊ဟားခါးမြို့နှင့်ပတ်ဝန်းကျင်ဒေသများမှ ဘိုးဘွားပိုင်မြေများကို အစိုးရမှသိမ်းယူကာ စည်ပင်ဧရိယာအဖြစ်သတ်မှတ်ခြင်းအပေါ် ဒေသခံတောင်သူများက ပြင်းထန်စွာကန့်ကွက်ကြောင်း ဒေသခံတောင်သူများက မီဒီယာများကို ပြောသည်။

" သူတို့က ကျွန်မတို့ဟားခါးတွေက ဘိုးဘွားပိုင်မြေရှိတယ်ဆိုတာသူတို့ကလုံးဝမသိပါဘူး။ မသိတဲ့ အခါကျတော့ ဒီနေရာက ငါတို့စည်ပင်ဧရိယာပဲဆိုပြီးတော့ အစိုးရမြေတွေပဲဆိုပြီး သူတို့ကြိုက်သလို လုပ်တဲ့ဟာကို ကန့်ကွက်ချင်တာပါ။ သဘောလုံးဝမတူဘူး။ လုံးဝ မဖြစ်သင့်ပါဘူး။ ဖြစ်လည်းမဖြစ်နိုင် ဘူး။ ဒီစကားတွေကြားမယ်ဆိုတော့ သူတို့ဆက်လက်ဖော်ဆောင်မှမဟုတ်တော့လို့ထင်ပါတယ် " ဟု ချင်းတိုင်းရင်းသား တောင်သူလယ်သမားအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါ်ကြာမဲင်း က ပြောသည်။

ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60972