‘နိုင်ငံတကာနယ်နိမိတ်တွင် နေထိုင်သူများ’ ဟု သုံးစွဲမှုအပေါ် ကြံ့ခိုင်ရေးအမတ် ကန့်ကွက်

  • 5 years ago
‘နိုင်ငံတကာနယ်နိမိတ်တွင် နေထိုင်သူများ’ ဟု သုံးစွဲမှုအပေါ် ကြံ့ခိုင်ရေးအမတ် ကန့်ကွက်
=================
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နေထိုင်သူတွေကို နှစ်နိုင်ငံနယ်နိမိတ်မှာ နေထိုင်သူတွေလို့ သုံးနှုန်းတာဟာ တိုင်းပြည်အတွက် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတယ်ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မင်းကင်းမြို့နယ်အမတ် ဦးမောင်မြင့်က ကန့်ကွက်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးအပြီး သဘောတူညီချက်တွေထဲမှာ နှစ်နိုင်ငံခြံစည်းရိုးကြား နေထိုင်သူတွေကို နိုင်ငံတကာနယ်နိမိတ်တွင် နေထိုင်သူများ ဆိုပြီး သုံးနှုန်းခဲ့တဲ့အပေါ် ဦးမောင်မြင့်က ကန့်ကွက်ခဲ့တာပါ။

ဒါဟာ မှားယွင်းသုံးစွဲခဲ့တာဆိုရင် ပြန်လည်ပြင်ဆင်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ ဇန်နဝါရီလ ၂၅ရက်နေ့၊ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အတိုက်အခံအမတ်က မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ်-မင်းမင်း

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54235