အနည်းဆုံး လူ ၂၅ဦးသေတဲ့ မြေနုကျွန်းအငြင်းပွားမှု ရွာသားများကို တိုင်းအစိုးရ အပြစ်ဖို့

  • 5 years ago
အနည်းဆုံး လူ ၂၅ဦးသေတဲ့ မြေနုကျွန်းအငြင်းပွားမှု ရွာသားများကို တိုင်းအစိုးရ အပြစ်ဖို့

#MizzimaTV

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲက ဖရဲကျွန်းရွာနဲ့ ကံသာကျေးရွာ ဒေသခံများအကြား မြေနုကျွန်းအငြင်းပွားမှုကတစ်ဆင့် ဇူလိုင်လ ၂၃ရက်နေ့က ဖြစ်ပွားတဲ့ ရန်ပွဲမှာ ဒီကနေ့အထိ သေဆုံးသူ ၂၅လောင်းထိ ရှာတွေ့ပြီ ဖြစ်ပါတယ်။ ပျောက်ဆုံးတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မကွေးတိုင်းအစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ပြုလုပ်တဲ့ အရေးပေါ် သတင်းစာရှင်းလင်းပွဲမှာ တိုင်းမြေစာရင်း ဦးစီးမှူး ဦးဇော်ဝင်းရဲ့ ပြောကြားချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

(ရိုက်ကူး - မင်းမင်း/ မဇ္ဈိမ)