ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အတည်ပြုခန့်အပ်

  • 5 years ago
ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အတည်ပြုခန့်အပ်
***********************
အသစ်ထပ်မံတိုးချဲ့လိုက်သည့် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်ကို တာဝန်ပေးအပ်ရန် ဇူလိုင်လ ၂ ရက်နေ့က ကန့်ကွက်သူမရှိဘဲ ရန်ကုန်တိုင်းလွှတ်တော်မှာ အတည်ပြု သဘောတူခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ညွှန်ကြားထားခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခြင်းကို ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ သဘောတူညီခဲ့ခြင်း ဖြစ်သည်။


ရိုက်ကူး၊တည်းဖြတ်-ကရိုင်နူးရာ

Category

🗞
News

Recommended