မီတာကြွင်းကျန်များ ဌာနမှ ညိနှိုင်းပေါင်းစပ်ပေးရန် မအူပင်ကိုယ်စားလှယ် တောင်းဆို

  • 5 years ago
မီတာကြွင်းကျန်များ ဌာနမှ ညိနှိုင်းပေါင်းစပ်ပေးရန် မအူပင်ကိုယ်စားလှယ် တောင်းဆို
******************
"အိမ်မီတာလာဖတ်တဲ့ ဖြစ်သလိုမှန်းပြီးရေးသွားတာ ဥပမာဖြင့် ပြောချင်တာက ၈၀၀၀ ကျတာကို ၂၀၀၀ လောက် ရေးသွားတယ်။ မှန်းပြီး ရေးသွားတဲ့အခါကြတော့ မီတာယူနစ်ကြွင်းကျန်တွေက အများကြီး ကျန်ခဲ့တယ်။ လုံးပေါင်းလည်းပေါင်းရော အများကြီးဆောင်ရတဲ့အခါကြတော့ လက်လုပ်လက်စားတွေ တစ်နေ့လုပ်မှ တစ်နေ့စားရတယ်။ ဘယ်လိုမှ မဆောင်နိုင်တော့ဘူး။ ” ဟု မအူပင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇော်မိုးက ယနေ့ ပြုလုပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ ကိုယ်စားလှယ်များအားရှင်းလင်းပွဲတွင် မီတာများ မှန်းရေးသားမှုအား ထောက်ပြဆွေးနွေးခဲ့သည်။
"မီတာကြွင်းကျန်တွေကို မီတာနှုန်းထားအသစ်တွေနဲ့ထပ်ပြီးကောက်မယ်ဆိုရင် ကျွန်တော်တို့ပြည်သူမှာ မိအေးနှစ်ခါနာဖြစ်နေတယ်။ အဲဒါလေးကို ညှိနှိုင်းပေါင်းစပ်မှုတွေ လုပ်ဖို့ တောင်းဆိုပါတယ်” ဟု မအူပင်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဇော်မိုးက ဆိုသည်။
ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ