အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရန် တောင်းဆို

  • 5 years ago
အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရန် တောင်းဆို
*********************
မေ ၁ ရက်​​နေ့မှာကျ​ရောက်​သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ အလုပ်​သမားအခွင့်​အ​ရေးများ အပြည့်​အ၀ရရှိဖို့ ကြွေးကြော်သံများဖြင့်တောင်းဆိုချီတက်ကြစဉ်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

အဆိုပါချီတက်ပွဲတွင် အလုပ်​သမားဥပ​ဒေ​များ ရေးစွဲသည့်အခါတွင် အလုပ်​သမား​များ၏ အသံများ ပါဝင်စေရန်၊ အဓိက​တောင်းဆိုခဲ့ကြပြီး လုပ်ခလစာကို တစ်နှစ်တစ်ကြိမ်ပြင်ဆင်ပေးရန်၊ အစိုးရအ​နေနဲ့ ILO ပြဌာန်းချက် အမှတ်​ ၉၈ ကို လက်မှတ်ရေးထိုးပေးရန် ၊ အလုပ်သမားတရားရုံးများ အမြန်ဆုံးပေါ်ပေါက်စေရန်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်နည်းဥပဒေကို အမြန်ပြန်လည်ပြင်ဆင်ရန်နှင့် သမဂ္ဂအဖွဲ့ဖြိုခွင်းမှုများကို ထိရောက်စွာအရေးယူပေးရန်တောင်းဆိုခဲ့ကြသည်။

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended