ချင်းတွင်းသကြွန်ဟာ ဒေသတွင်းSME ဖွံ့ဖြိုးရေးအတွက်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဆို

  • 5 years ago
ချင်းတွင်းသင်္ကြန် ပြုလုပ်တာဟာ SME လုပ်ငန်းတွေ အပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် က ပြောကြားလိုက်ပါတယ်။

ချင်းတွင်းသင်္ကြန် ကျင်းပပြုလုပ်မယ့် ချင်းတွင်းမြစ်ကမ်းသဲသောင်ပြင်မှာ သင်္ကြန်အတွက် ပြင်ဆင်နေတာတွေကို မတ် ၂၂ ရက်က သွားရောက် ကြည့်ရှုရင်း ပြောကြားခဲ့တာပါ။

ဒုတိယအကြိမ် ကျင်းပပြုလုပ်မယ့် ချင်းတွင်းသင်္ကြန်မှာ ဒေသထွက်ကုန် ပြခန်းတွေ၊ အများပြည်သူ ပန်းဖြေနေရာတွေ၊ ရေကစားမဏ္ဍပ်တွေ စတာတွေကို ဇုန် ၄ ဇုန် ခွဲပြီး ကျင်းပသွားမှာဖြစ်ပြီး အားကစားဇုန်ကို အသစ်ထည့်သွင်းကာ ကျင်းပပြုလုပ်သွားမှာပါ။

ဒီနှစ် ချင်းတွင်းသင်္ကြန်ဟာ အရင်နှစ်ထက် ၅ ဆ ပိုမိုစည်ကားနိုင်တယ်လို့ ချင်းတွင်းသင်္ကြန် ဗဟိုမဏ္ဍပ် မန်နေဂျာ ဦးမျိုးမင်းထိုက်က ပြောပါတယ်။

ဒီနှစ် မုံရွာမြို့မှာ ချင်းတွင်းသင်္ကြန်အပြင် မုံရွာ ကန်သာယာကျောက်တိုင်မှာ ရိုးရာလမ်းလျှောက်သင်္ကြန်ကိုလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရိုက်ကူး-ဘုန်းနိုင်ဖြိုး