SME လုပ်ငန်းများအတွက် ချေးငွေအစီအစဉ်သစ်

  • 7 years ago
မြန်မာနိုင်ငံအသေးစား၊အလတ်စားလုပ်ငန်းတိုင်းအတွက် ငွေကြေးအထောက်အပံ့ပေးဖို့ အစိုးရက နည်းလမ်းမျိုးစုံနဲ့ စီစဉ်နေတယ်လို့ အစိုးရအသိုင်းအ၀ိုင်းကနေသိရပါတယ်၊ လက်ရှိချေးငွေပေးနေတဲ့အခြေအနေက ၁၉၉၀ အသေးစား အလတ်စားစက်မှုလုပ်ငန်းများဥပဒေအတိုင်း စက်မှုလုပ်ငန်းတွေကိုပဲ ငွေကြေးအထောက်အပံ့ ပေးနိုင်ပါသေးတယ်၊ တကယ်တမ်း နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုလုပ်ငန်းအပါအ၀င် လုပ်ငန်းတိုင်းကိုကြီးထွားအောင် လုပ်ဆောင်ပေးရမယ်လို့ လုပ်ငန်းရှင်တွေကလည်း ပြောဆိုနေကြပါပြီ။