ဦးတိုက်လျှောက်တိုင်ကြားထားတဲ့ ဒေါ်နေဇင်မြင့်နဲ့ အင်တာဗျူး

  • 5 years ago

ကျပ်သိန်း ၆ ထောင်အလိမ်ခံရမှုနဲ့ ယောဂီဒေါ်နန္ဒမာလာကို မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်တိုင်ကြားထားတဲ့ ဒေါ်နေဇင်မြင့်နဲ့ အင်တာဗျူး
*******************************************
“ ကျွန်မကို လိမ်ပြီးတော့လည်း ထပ်ပြီးတော့ တောင်ကြီးမှာရော၊ ရန်ကုန်မှာရော၊ တခြားနယ်မှာရော သွားလိမ် ထားတယ်။ ဒီလောက်လိမ်ထားတဲ့လူကိုနော် ဒီရန်ကုန်မှာဆိုရင် မင်္ဂလာဒုံရဲစခန်းမှာရော၊ လှိုင်မြို့နယ်ရော၊ နေရာတကာမှာ အလိုရှိနေတဲ့ ဝရမ်းပြေးတစ်ယောက်ကို အာမခံပေးလိုက်တယ်ဆိုတာကို ကျွန်မဘယ်လို စဉ်းစားရမလဲမသိဘူး။ ဥပဒေကို ကျွန်မနားမလည်ဘူး” ဒေါ်နေဇင်မြင့်

ယောဂီဒေါ်နန္ဒမာလာအား ၎င်းစီးနင်းလာသော ယာဉ်နှင့်အတူ အမြန်လမ်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် (၂၈၄)၌ ဖမ်းဆီးခဲ့ပြီး အမှတ်(၃) မှုခင်း ရဲတပ်ဖွဲ့ခွဲရုံး၌ လူဝတ် လဲကာ ထိန်းသိမ်းထားခဲ့သည်။

ထို့နောက် ဇန်နဝါရီလ ၃ရက်နေ့တွင် CID က မဟာအောင်မြေမြို့နယ်တရားရုံးသို့ ပို့ဆောင်ခဲ့ပြီး ဒေါ်နန္ဒမာလာ အာမခံ လျှောက်ထားခဲ့သောကြောင့် မြို့နယ်တရားသူကြီးက အာမခံပေးခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)