၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲ တနိုင်ငံလုံး ဒုတိယဆုရှင် မင်းသွင်ခန့် အင်တာဗျူး အပိုင်း(၂)

  • 7 years ago
ကျွန်တော်ပြောချင်တာက စာမေးပွဲခန်းကို မကြောက်ပါနဲ့၊ စာမေးပွဲခန်းဆိုတာက ကိုယ့်ရဲ့ကြိုးစားမှုကို ပြသခွင့်ရတဲ့နေရာတစ်ခုပေါ့၊ အဲဒီလိုနေရာဖြစ်တဲ့အတွက်ကြောင့် ကြောက်ဖို့မလိုပါဘူး၊ စာမေးပွဲခန်းဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ဒီနေရာမှာ အစွမ်းကုန်ထုတ်ပြလို့ရတဲ့နေရာ အခွင့်အရေးတစ်နေရာ အဲဒီလိုမျိုးမြင်စေချင်ပါတယ်။ နောက်တစ်ခုက မေတ္တာပို့ပါလို့၊ ဘုရားတွေ ဘာတွေ ရှိခိုးသွားပါလို့ အိမ်ကနေပြီးတော့။ မဖြေခင်မှာ စာမေးပွဲခန်းထဲ ရောက်ရင်လည်း ကိုယ်ဖြေမယ့် စာမေးပွဲခုံတို့ ၊ စားပွဲတို့ ၊ စာမေးပွဲခန်းတို့ ၊ ဆရာ၊ဆရာမတွေကို မေတ္တာပို့ပါလို့၊ အဲဒါ ထိရောက်မှုတော့ ရှိပါလိမ့်မယ်လို့ထင်ပါတယ်။ အင်တာဗျူး အပြည့်အစုံ - www.mizzimaburmese.com/article/23565

Category

🗞
News

Recommended