လူငယ်တွေအတွက် ရည်ရွယ်တယ်ဆိုတဲ့ စာအုပ် ၂ အုပ် မိတ်ဆက်

  • 6 years ago
လူငယ်တွေ အမှားများကြတတ်တာတွေကို ဆင်ခြင်နိုင်စေဖို့ ၊ အသိပညာဗဟုသုတ ရရှိဖို့ ရည်ရွယ်ပြီး တကယ့်ဖြစ်ရပ်တွေနဲ့ ယှဉ်ကာ ရေးသားထားတယ်ဆိုတဲ့ စာရေးသူ ထက်လင်းအောင်ရဲ့စာအုပ် ၂ အုပ်ကို မကြာခင် ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

လူငယ်တွေကို ဗဟုသုတရစေမယ့် "မွှေးသောရနံ့တို့ဖြင့်သာ" အမည်ရှိ စာအုပ်ဟာ အီတာနယ်လိုက် မဂ္ဂဇင်းမှာ အပတ်စဉ်ရေးသား ခဲ့သော ဆောင်းပါးတွေကို စုစည်းတင်ပြထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

ဒီစာအုပ်မိတ်ဆက်ပွဲကို စာရေးဆရာသစ္စာနီ၊ ဆရာဟိန်းလတ်၊ စာရေးဆရာ မျိုးကိုမျိုးတို့လည်း တက်ရောက်ခဲ့ပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ကျော့ကေခိုင်