တေးသံရှင် ရွှေငါးရဲ့ “ဖိုက်တင်း ချစ်”အမည်ရှိ တေးစီးရီး မိတ်ဆက်

  • 5 years ago
တေးသံရှင် ရွှေငါးရဲ့ “ဖိုက်တင်း ချစ်”အမည်ရှိ တေးစီးရီး မိတ်ဆက်
==================================
တေးသံရှင် အသစ်တစ်ဦးဖြစ်တဲ့ ရွှေငါးရဲ့ “ဖိုက်တင်း ချစ်” လို့ အမည်ပေးထားတဲ့ Audio တေးစီးရီး မိတ်ဆက်ပွဲကို မတ်လ ၁၃ရက်နေ့က ရန်ကုန်မြို့ House of Orchid မှာ ပြုလုပ်ခဲ့ပါတယ်။

နှစ်နှစ်ကျော် အချိန်ယူ ဖန်တီးခဲ့တဲ့ ဒီတေးစီးရီးမှာ Country Song ၊ Pop၊ Slow Rock သီချင်းအမျိုးအစားတွေနဲ့ စုစုပေါင်း ၁၂ပုဒ်ပါဝင်တာဖြစ်ပါတယ်။
စိတ်ဓာတ်ကျနေတဲ့သူတွေ၊ စိတ်အားငယ်နေတဲ့ သူတွေအတွက် ဖိုက်တင်း ချစ်ဆိုတဲ့ သီချင်းလေးကို ကြားရ တဲ့အခါ အချိန်ခဏအတွင်းလေးပဲဖြစ်ဖြစ် စိတ်ဓာတ် တက်ကြွလာဖို့ ရည်ရွယ်သီဆိုထားတာဖြစ်တယ် လို့ တေးသံရှင် ကဆိုပါတယ်။

အဆိုပါတေးစီးရီးကို မတ်လ ၁၁ ရက်နေ့က စတင်ပြီး မန်းသီရီတေးသံသွင်းကနေ ဖြန့်ချိနေပြီဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် - ကျော့ကေခိုင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ