ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ရှေးဟောင်းပုရပိုက်များ ထိန်းသိမ်းရန်လိုအပ် (ရုပ်/သံ)

  • 6 years ago
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀နီးပါးက ကျီးသဲလေးထပ်ဆရာတော်ကြီး အသုံးပြုခဲ့တဲ့ ငွေပုရပိုက် ၊ ကြေးပုရပိုက်များအပြင် ပေပုရပိုက် ၁၀၀ကျော်နဲ့ ရှေးဟောင်း ကနုတ်သေတ္တာကြီးတွေကို ဆရာတော် ငယ်စဉ်က ကျောင်းသားဘဝနဲ့ သာမဏေဘဝက သတင်းသုံးတဲ့ ကနီပင်ကျောင်းအဟောင်း တည်ရှိရာ အခုရွာသာကျောင်းတိုက်အနီးမှာ ပြတိုက်ပြုလုပ်ပြီး ပြသထားပါတယ်။

အဲ့ဒီပစ္စည်းတွေကို လက်ရှိမှာ ကျောင်းထိုင်ဆရာတော်နဲ့ ရွာသူရွာသားတွေက ထိန်းသိမ်းထားပြီး အစိုးရ အစီအစဉ်နဲ့ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဆရာတော်နဲ့ ဒေသခံတွေက လိုလားနေပါတယ်။

ကျီးသဲလေးထပ်ဆရာတော်ကြီးဟာ တရားသူကြီးခုံတော် ဦးအောင်မင်းနဲ့ ဒေါ်ဂျမ်းတို့က ၂.၁၀.၁၈၁၇ ရက်နေ့ ရွှေတောင်မြို့နယ် ကျီးသဲ၊ ရှမ်းတန်းလေးမှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၈၉၄ ခုနှစ် သက်တော် ၇၇ နှစ်မှာ ရွှေတောင်မြို့ ကျီးသဲလေးထပ် ဗိုလ်ရုံကျောင်းတိုက်မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

Recommended