လမ်းတံတား ဥပဒေဖြင့် တရားစွဲခံရသော အောင်သပြေကျေးရွာ ဒေသခံများကို အာမခံပယ်ချ (ရုပ်/သံ)ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၁၈ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် လမ်းတံတ
- 6 years ago
လမ်းတံတား ဥပဒေဖြင့် တရားစွဲခံရသော အောင်သပြေကျေးရွာ ဒေသခံများကို အာမခံပယ်ချ (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၁၈
ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် လမ်းတံတား ဥပဒေဖြင့်တရားစွဲဆိုခံထားရသော အောင်သပြေကျေးရွာမှ ဒေသခံတောင်သူများ အာမခံလျောက်ထားမှုကို ခရိုင်တရားရုံးက ပယ်ချလိုက်ကြောင်းသိရသည်။
အဆိုပါအမှုကို အာမခံမပေးဘဲ အိုးဘိုထောင်အချုပ်ဖြင့်သာ ဆက်လက်တရားရင်ဆိုင်သွားရန်နှင့် အောက်တိုဘာ ၃ရက်တွင် ရုံးထုတ်စစ်ဆေးသွားမှာဖြစ်ကြောင်းသိရသည်။
လမ်းပေါ်ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ အောင်သပြေကျေးရွာမှ ဒေသခံ ၄ ဦးကို လမ်းများ၊ တံတာများ ဥပဒေပုဒ်မ ၂၂/၂၃ ဖြင့်လည်းကောင်း၊ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ၈ ဦးတို့ကို ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲဆို ခံထားရသည်။
၎င်းမြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ဒေသခံများက ကန့်ကွက်နေကြကြောင်းသိရသည်။
ရိုက်ကူး - ဇော်ဇော်