တိုက်ကြီး၊လှည်းကူး၊မှော်ဘီ နှင့် ဥက္ကံရှိ ဆိုင်ခန်းများ ဖယ်ရှားပေးရန် သတိပေး (ရုပ်/သံ)ဧရာဝတီ ၊ မတ် ၂၄ ၊ ၂၀၁၈တိုက်ကြီးမြို့နယ် ဆောက်လုပ်ရေးဌာနဝန်းရှိ ဆိုင်ခန်

  • 6 years ago
တိုက်ကြီး၊လှည်းကူး၊မှော်ဘီ နှင့် ဥက္ကံရှိ ဆိုင်ခန်းများ ဖယ်ရှားပေးရန် သတိပေး (ရုပ်/သံ)

ဧရာဝတီ ၊ မတ် ၂၄ ၊ ၂၀၁၈

တိုက်ကြီးမြို့နယ် ဆောက်လုပ်ရေးဌာနဝန်းရှိ ဆိုင်ခန်းများအား ဧပြီလကုန်တွင် ဖယ်ရှားပေးရန် နှင့် လိုက်နာမှုမရှိက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ယင်းဆိုင်ခန်းများမှာ လွန်ခဲ့သော ၁၉၉၈ ခုနှစ်က ၀န်ထမ်းသက်သာ ချောင်ချိရေးအတွက် ဆိုင်ခန်းများ ဆောက်လုပ်ပြီး တစ်ခန်းကို ၅၀၀၀၀ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

တိုက်ကြီးတွင် ဖယ်ရှားပေးရမည့် ဆိုင်ခန်းပေါင်း ၄၃ခန်းရှိပြီး မှော်ဘီ ၊ လှည်းကူးနှင့် တိုက်ကြီးမြို့နယ်ခွဲရှိ ဥက္ကံ ဆိုင်ခန်းများမှာလဲ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ တိုက်ကြီးမြို့နယ် ဆောက်လုပ်ရေးဌာန ၊ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ခင်သင်းကြူက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

ဖယ်ရှားပေးရမည့် ဆိုင်ခန်းနေသူများဖက်က မတ်လ ၁၉ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။