ချောင်းကမ်းပါးပြို၍ ခုံကြီးကျေးရွာ နေအိမ်များ ရွှေ့ပြောင်းနေရ (ရုပ်/သံ)ဧရာဝတီ ၊ ဇွန် ၅ ၊ ၂၀၁၈ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အဝင်က ခုံကြီးကျေးရွာ

  • 6 years ago
ချောင်းကမ်းပါးပြို၍ ခုံကြီးကျေးရွာ နေအိမ်များ ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၅ ၊ ၂၀၁၈

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အဝင်က ခုံကြီးကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးရွာသွန်းမှုကြောင့် ချောင်းကမ်းပါးပြိုကျကာ နေအိမ် ၃ လုံး ပြောင်းရွှေ့ခဲ့ရပြီး နောက်ထက် အိမ် ၁၀ လုံး ထပ်မံ ပြောင်းရွှေ့ရတော့မှာဖြစ်လို့ ဒေသခံတွေ အခက်အခဲ့ကြုံတွေ့နေရပါတယ်။

အိမ်ခြေ တရာကျော်ရှိတဲ့ ခုံကြီးရွာနံဘေးက ရွှေတံငါချောင်းရဲ့ ရေတိုက်စားမှုကြောင့် လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကစတင်ပြီး တဖြည်းဖြည်းရွှေ့ပြောင်းပေးခဲ့ရကာ ဒီနှစ်မှာတော့ ချောင်းကမ်းပါးဟာ ရွာလည်လမ်းမကြီးဘေးအထိ ရောက်နေတာကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ရမယ့်အပေါ်မှာလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ရိုက်ကူး- ကောင်းမြတ်မင်း