ဂျာမနီမှာ ကမ္ဘာ့ အကြီးကျယ်ဆုံး ဘီယာပွဲတော် ကျင်းပစက်တင်ဘာ-၂၃၊၂၀၁၈ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး၊ နာမည်အကျော်ဆုံး၊ အရိုင်းအဆန်ဆုံး ဘီယာပွဲတော်ကို ဂျာမနီနိုင်ငံ၊ မြူး

  • 6 years ago
ဂျာမနီမှာ ကမ္ဘာ့ အကြီးကျယ်ဆုံး ဘီယာပွဲတော် ကျင်းပ

စက်တင်ဘာ-၂၃၊၂၀၁၈
ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး၊ နာမည်အကျော်ဆုံး၊ အရိုင်းအဆန်ဆုံး ဘီယာပွဲတော်ကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပခဲ့ပါတယ်။

နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ အော့ခ်တိုဘားဖက်စ် ပွဲတော်ကို အခုနှစ်မှာလည်း ကမ္ဘာတလွှားက ဘီယာနှစ်သက်သူတွေ စုရုံး ရောက်ရှိလာပါတယ်။ ဒီပွဲတော်မှာ ဘီယာတွေ ချောင်းစီးမတတ် ဖွေးဖွေးလှုပ် တည်ခင်းကြပါတယ်။ ပြီးတော့ ပွဲစီစဉ်သူတွေက ရှေးခေတ် ဂျာမန် လူ့အဖွဲ့အစည်းရဲ့ ကျေးလက်ဆန်တဲ့ ဝတ်စားမှု ပုံစံတွေနဲ့ ဒီပွဲတော်ကို ဆင်နွှဲလေ့ ရှိပါတယ်။

အခုနှစ် ဘီယာပွဲတော်ကို မြူးနစ် မြို့တော်ဝန် ဒီယက်တာ ရီတာကိုယ်တိုင် ကြီးမှူးပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ အော့ခ်တိုဘားဖက်စ် ပွဲတော်ဟာ ၁၈၁၀ ပြည့်နှစ်က ဘာဘေးရီးယန်း အိမ်ရှေ့မင်းသားရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုရာကနေ အစဉ်အဆက် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ မြင်းခင်းသဘင်ဆန်ဆန် ဖြစ်ခဲ့ပေမယ့် အချိန်ကာလ ရွေ့လျားလာတာနဲ့အမျှ လူစုလူဝေးနဲ့ သောက်စား ပျော်ပါးတဲ့ ပွဲတော်အသွင် ပြောင်းလဲလာခဲ့ပါတယ်။ ဒီပွဲတော်မှာ ပျမ်းမျှ တစ်နှစ်ကို ဧည့်ပရိသတ် ခြောက်သန်းလောက် တက်ရောက် ဆင်နွှဲလေ့ ရှိပါတယ်။

အခုနှစ် ပွဲတော်ကိုတော့ စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာ ၇ ရက်ထိ ကျင်းပသွားမယ်လို့ သိရပါတယ်။