ကမာၻ႕စံခ်ိန္တင္ဖုိ႔ အမ်ိဳးသမီး ၅၇ ဦး စုေပါင္း ေလထီးခုန္ၾသဂုတ္ - ၄ ၊၂၀၁၈ လူစြန္႔စား အမ်ိဳးသမီး ေလထီးမယ္ေတြ ပူးေပါင္းၿပီး ယူကရိန္း ႏုိင္ငံမွာ ကမာၻ႕စံခ်ိန္သစ္

  • 6 years ago
ကမာၻ႕စံခ်ိန္တင္ဖုိ႔ အမ်ိဳးသမီး ၅၇ ဦး စုေပါင္း ေလထီးခုန္

ၾသဂုတ္ - ၄ ၊၂၀၁၈

လူစြန္႔စား အမ်ိဳးသမီး ေလထီးမယ္ေတြ ပူးေပါင္းၿပီး ယူကရိန္း ႏုိင္ငံမွာ ကမာၻ႕စံခ်ိန္သစ္ တင္ႏုိင္မယ့္ ေလထီးခုန္မႈတစ္ခု ျပဳလုပ္ခဲ့ၾကပါတယ္။

ဩဂုတ္ ၂ ရက္က အမ်ိဳးသမီး ၅၇ ဦးတို႔ဟာ ယူကရိန္းႏုိင္ငံ၊ ခါကစ္ဗ္ေဒသ ေကာင္းကင္ယံမွာ စုေပါင္းၿပီး အလွျပ ေလထီးခုန္ခဲ့ၾကပါတယ္။ ႏိုင္ငံေပါင္း ၁၉ ခုက ကၽြမ္းက်င္ ေလထီးမယ္ေတြဟာ ေဝဟင္မွာ ပံုေဖာ္ သ႐ုပ္ျပမႈ သံုးခုထိ စုေပါင္း ဖန္တီးျပခဲ့ပါတယ္။

Women on Wingsဆိုတဲ့ ပေရာဂ်က္ဟာ အမ်ိဳးသမီးေတြရဲ႕ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ ေဖာ္ထုတ္ဖုိ႔ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။ အခုတစ္ႀကိမ္က အမ်ိဳးသမီး အမ်ားဆံုး စုေပါင္း ေလထီးခုန္တဲ့ ကမာၻ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္ဖုိ႔လည္း ေမွ်ာ္မွန္းထားခဲ့ၿပီး လက္ေတြ႕ ေအာင္ျမင္မႈ ရခဲ့ပါတယ္။

အမ်ိဳးသမီး ၅၇ ဦးဟာ ေလယာဉ္ ၃ စီးကေန ေလထီးခုန္ခ်ခဲ့တာျဖစ္ၿပီး ေလထဲမွာပဲ ေပါင္းစံုၿပီး စကၠန္႔ ၉၀ ၾကာေအာင္ သ႐ုပ္ျပ ပံုေဖာ္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ အရင္က အမ်ိဳးသမီးေတြ အေရအတြက္ အမ်ားဆံုး စုေပါင္း ေလထီးခုန္ခဲ့တာဟာ နယ္သာလန္မွာျဖစ္ၿပီး စုစုေပါင္း ၅၆ ဦး ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

#ကမာၻ႔စံခ်ိန္တင္ #အမ်ိဳးသမီး၅၇ဦး #ေလထီးခုန္ #ယူကရိန္း #7DayNews #7DayTV #International

Unicode

ကမ္ဘာ့စံချိန်တင်ဖို့ အမျိုးသမီး ၅၇ ဦး စုပေါင်း လေထီးခုန်

သြဂုတ် - ၄ ၊၂၀၁၈

လူစွန့်စား အမျိုးသမီး လေထီးမယ်တွေ ပူးပေါင်းပြီး ယူကရိန်း နိုင်ငံမှာ ကမ္ဘာ့စံချိန်သစ် တင်နိုင်မယ့် လေထီးခုန်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

ဩဂုတ် ၂ ရက်က အမျိုးသမီး ၅၇ ဦးတို့ဟာ ယူကရိန်းနိုင်ငံ၊ ခါကစ်ဗ်ဒေသ ကောင်းကင်ယံမှာ စုပေါင်းပြီး အလှပြ လေထီးခုန်ခဲ့ကြပါတယ်။ နိုင်ငံပေါင်း ၁၉ ခုက ကျွမ်းကျင် လေထီးမယ်တွေဟာ ဝေဟင်မှာ ပုံဖော် သရုပ်ပြမှု သုံးခုထိ စုပေါင်း ဖန်တီးပြခဲ့ပါတယ်။

Women on Wingsဆိုတဲ့ ပရောဂျက်ဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် ဖော်ထုတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်က အမျိုးသမီး အများဆုံး စုပေါင်း လေထီးခုန်တဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ဖို့လည်း မျှော်မှန်းထားခဲ့ပြီး လက်တွေ့ အောင်မြင်မှု ရခဲ့ပါတယ်။

အမျိုးသမီး ၅၇ ဦးဟာ လေယာဉ် ၃ စီးကနေ လေထီးခုန်ချခဲ့တာဖြစ်ပြီး လေထဲမှာပဲ ပေါင်းစုံပြီး စက္ကန့် ၉၀ ကြာအောင် သရုပ်ပြ ပုံဖော်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အရင်က အမျိုးသမီးတွေ အရေအတွက် အများဆုံး စုပေါင်း လေထီးခုန်ခဲ့တာဟာ နယ်သာလန်မှာဖြစ်ပြီး စုစုပေါင်း ၅၆ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

#ကမ္ဘာ့စံချိန်တင် #အမျိုးသမီး၅ရဦး #လေထီးခုန် #ယူကရိန်း #7DayNews #7DayTV #International