လူငယ်တွေရဲ့ အင်တာနက် သုံးစွဲမှု ဖေ့စ်ဘွတ်ခ်မှာတင် ရပ်သင့်သလားဒီခေါင်းစဉ်နဲ့ ဆွေးနွေးပွဲစတင်ပါပြီပရိသတ်တွေ အနေနဲ့လည်း ပါဝင်မှတ်ချက်ပြုဆွေးနွေးနိုင်ပါပြီ။

  • 6 years ago
လူငယ်တွေရဲ့ အင်တာနက် သုံးစွဲမှု ဖေ့စ်ဘွတ်ခ်မှာတင် ရပ်သင့်သလား


ဒီခေါင်းစဉ်နဲ့ ဆွေးနွေးပွဲစတင်ပါပြီ

ပရိသတ်တွေ အနေနဲ့လည်း ပါဝင်မှတ်ချက်ပြုဆွေးနွေးနိုင်ပါပြီ။

မြန်မာပြည်မှာ အင်တာနက်သုံးစွဲမှု တဟုန်ထိုး မြင့်တက်လာပေမယ့် အများစုက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကိုပဲ အဓိကထား သုံးဖြစ်ကြတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ကိုယ်ကိုယ်တိုင်ရော ဖေ့စ်ဘွတ်ခ်အပြင် အင်တာနက်ကို ဘယ်လို အသုံးချနေပါသလဲ။ ဖေ့စ်ဘွတ်ခ်ထက်ပိုပြီး အင်တာနက်ကွန်ရက်ကို ဘယ်လို အကျိုးရှိအောင် အသုံးချနိုင်မလဲ။

ဒီအကြောင်းအရာတွေကို ဒီတပတ် Friday Live ဖေ့စ်ဘွတ်ခ် အစီအစဉ်မှာ တိုက်ရိုက် ဆွေးနွေးခဲ့ပါတယ်။

ဒီအစီအစဉ်မှာ ဘီဘီစီ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့ အင်တာနက်အသုံးပြုပြီး လုပ်ငန်းလုပ်နေကြတဲ့ လူငယ်လုပ်ငန်းရှင်၊ လူငယ်ပညာရှင်တွေက ဆွေးနွေး ဖြေကြားပေးခဲ့ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ၂၀၁၇ ခုနှစ်အတွက် အသက် ၃၀ အောက် အယောက် ၃၀ (အာရှ) စာရင်းဝင် မချမ်းမြေ့ခိုင် (အမရာ ဒီဂျစ်တယ် ဈေးကွက်ချဲ့ထွင်ရေး လုပ်ငန်း တည်ထောင်သူ) နဲ့ ကိုချစ်ကိုကို (Kodots Games Studio တည်ထောင်သူ) တို့က ပရိသတ်တွေနဲ့အတူ တိုက်ရိုက် ဆွေးနွေးပေးနေတာပါ။

#ဘီဘီစီမြန်မာပိုင်း #Friday_Live #သောကြာလိုက်ဖ် #လူငယ် #Youth #Internet #အင်တာနက် #SocialMedia #ဆိုရှယ်မီဒီယာ #လူမှုကွန်ရက် #နည်းပညာ #Facebook #ဖေ့စ်ဘွတ်ခ်

Category

😹
Fun

Recommended