အာသံ က လူ ၄ သန်း နိုင်ငံသား ရုပ်သိမ်း ခံရအိန္ဒိယ နိုင်ငံ အာသံ ပြည်နယ် မှာ နေထိုင် တဲ့ လူ ၄ သန်း ကို နိုင်ငံသား ရုပ်သိမ်း မယ်ဆိုပြီး အစိုးရ တာဝန် ရှိသူတွေက စာရင

  • 6 years ago
အာသံ က လူ ၄ သန်း နိုင်ငံသား ရုပ်သိမ်း ခံရ

အိန္ဒိယ နိုင်ငံ အာသံ ပြည်နယ် မှာ နေထိုင် တဲ့ လူ ၄ သန်း ကို နိုင်ငံသား ရုပ်သိမ်း မယ်ဆိုပြီး အစိုးရ တာဝန် ရှိသူတွေက စာရင်း ထုတ်ပြန် လိုက်ပါတယ်။

သူတို့တွေ နိုင်ငံသား ဖြစ်မှု ကို တရားရုံးမှာ အယူခံ ဝင်နိုင်ပေမယ့် ၁၉၇၁ ခုနှစ်၊ မတ်လ ၂၅ ရက် မတိုင်ခင် ဒီဒေသ ကို ဝင်ရောက် နေထိုင်သူ ဖြစ်ကြောင်း သက်သေ ပြဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။

ဒါက ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားမဝင် ဝင်ရောက် နေထိုင်သူတွေကို ရှင်းလင်းဖို့ ဆောင်ရွက် တာ ဖြစ်တယ်လို့ အစိုးရ ဘက် က ပြောပါတယ်။ ဒါပေမယ့် မွတ်ဆလင် တွေကို အဲဒီကနေ မောင်းထုတ် လိုတဲ့ လုပ်ရပ် ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူတွေက ပြောဆို နေပါတယ်။ #ဘီဘီစီမြန်မာပိုင်း