လည္ဂုတ္ေပၚက တက္တူးေပၚသြားတဲ့ေအာင္ရဲလင္းရဲ႕ခံစားခ်က္ေမ-၂၅၊၂၀၁၈ဒီကေန႕မွာ စတင္ရုံတင္ေနၿပီျဖစ္တဲ့ “မတစ္ေထာင္ တစ္ေကာင္ဘြား”ရုပ္ရွင္ ကုိ ကိုးဆယ္ရာခိုင္နႈန္း ေလာက

  • 6 years ago
လည္ဂုတ္ေပၚက တက္တူးေပၚသြားတဲ့ေအာင္ရဲလင္းရဲ႕ခံစားခ်က္

ေမ-၂၅၊၂၀၁၈

ဒီကေန႕မွာ စတင္ရုံတင္ေနၿပီျဖစ္တဲ့ “မတစ္ေထာင္ တစ္ေကာင္ဘြား”ရုပ္ရွင္ ကုိ ကိုးဆယ္ရာခိုင္နႈန္း ေလာက္အထိ စိတ္တိုင္းက် တယ္လုိသရုပ္ေဆာင္ေအာင္ရဲလင္းက ေျပာလာပါတယ္။

အဲဒီရုပ္ရွင္မွာေတာ့ မ်ိဳးခ်စ္လူငယ္ ဇာတ္ေကာင္ မိုးေကာင္းေနရာကေန ေအာင္ရဲလင္းက သရုပ္ေဆာင္ထား တာျဖစ္ၿပီး မတစ္ေထာင္ တစ္ေကာင္ဘြား ဟာ မင္းသိခၤရဲ႕ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဝတၱဳ လည္းျဖစ္ပါတယ္။

ဒါေပမယ့္ ရုပ္ရွင္အျဖစ္ ျပန္လည္ဖန္တီးၿပီးတဲ့ေနာက္ ရုပ္ရွင္ပိုစတာထြက္လာခ်ိန္မွာေတာ့ မိုးေကာင္း လက္မွာ ပတ္ထားတဲ့ နာရီ နဲ႕ မ်က္ႏွာဖုံးေတြအေပၚ ေဝဖန္ေထာက္ျပမႈေတြထြက္ေပၚလာခဲ့တာပါ။

ေအာင္ရဲလင္းကေတာ့ ဒီလို ေဝဖန္မႈေတြအေပၚ ျပန္လည္မေျဖရွင္းခ်င္သလို ရုပ္ရွင္ထဲမွာ လည္ဂုတ္ေပၚ က တက္တူးေပၚသြားတာေၾကာင့္ ကိုယ္ကိုယ္ကို အားမရတာမ်ိဳးျဖစ္ခဲ့တယ္လို႕ ဖြင့္ဟပါတယ္။

ရုပ္ရွင္ထဲမွာ ဇာတ္ေကာင္စရိုက္ ၊ အဝတ္အစားပိုင္းနဲ႕ သရုပ္ေဆာင္ပိုင္းမွာ အမ်ားႀကီး ႀကိဳးစားေျပာင္းလဲ ထားတာေၾကာင့္ ျမင္ေတြ႕ေနက် ပုံစံမ်ိဳးမဟုတ္ဘဲ ထူးျခားေနမယ္လို႕လည္းေအာင္ရဲလင္းက ဆိုပါတယ္။

မတစ္ေထာင္ တစ္ေကာင္ဘြားရုပ္ရွင္ကို ဒါရိုက္တာ ခင္ေစာမ်ိဳးက ရုိက္ကူးခဲ့တာျဖစ္ၿပီး ဒီကေန႔ကစတင္ၿပီး ရံုတင္ျပသေနျပီျဖစ္ပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

လည်ဂုတ်ပေါ်က တက်တူးပေါ်သွားတဲ့အောင်ရဲလင်းရဲ့ခံစားချက်

မေ-၂၅၊၂၀၁၈

ဒီကနေ့မှာ စတင်ရုံတင်နေပြီဖြစ်တဲ့ “မတစ်ထောင် တစ်ကောင်ဘွား”ရုပ်ရှင် ကို ကိုးဆယ်ရာခိုင်နှုန်း လောက်အထိ စိတ်တိုင်းကျ တယ်လိုသရုပ်ဆောင်အောင်ရဲလင်းက ပြောလာပါတယ်။

အဲဒီရုပ်ရှင်မှာတော့ မျိုးချစ်လူငယ် ဇာတ်ကောင် မိုးကောင်းနေရာကနေ အောင်ရဲလင်းက သရုပ်ဆောင်ထား တာဖြစ်ပြီး မတစ်ထောင် တစ်ကောင်ဘွား ဟာ မင်းသိင်္ခရဲ့အောင်မြင်ကျော်ကြားတဲ့ ဝတ္တု လည်းဖြစ်ပါတယ်။

ဒါပေမယ့် ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးပြီးတဲ့နောက် ရုပ်ရှင်ပိုစတာထွက်လာချိန်မှာတော့ မိုးကောင်း လက်မှာ ပတ်ထားတဲ့ နာရီ နဲ့ မျက်နှာဖုံးတွေအပေါ် ဝေဖန်ထောက်ပြမှုတွေထွက်ပေါ်လာခဲ့တာပါ။

အောင်ရဲလင်းကတော့ ဒီလို ဝေဖန်မှုတွေအပေါ် ပြန်လည်မဖြေရှင်းချင်သလို ရုပ်ရှင်ထဲမှာ လည်ဂုတ်ပေါ် က တက်တူးပေါ်သွားတာကြောင့် ကိုယ်ကိုယ်ကို အားမရတာမျိုးဖြစ်ခဲ့တယ်လို့ ဖွင့်ဟပါတယ်။

ရုပ်ရှင်ထဲမှာ ဇာတ်ကောင်စရိုက် ၊ အဝတ်အစားပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ အများကြီး ကြိုးစားပြောင်းလဲ ထားတာကြောင့် မြင်တွေ့နေကျ ပုံစံမျိုးမဟုတ်ဘဲ ထူးခြားနေမယ်လို့လည်းအောင်ရဲလင်းက ဆိုပါတယ်။

မတစ်ထောင် တစ်ကောင်ဘွားရုပ်ရှင်ကို ဒါရိုက်တာ ခင်စောမျိုးက ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီကနေ့ကစတင်ပြီး ရုံတင်ပြသနေပြီဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်