ကယားပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ဖျက်သိမ်းဇူလိုင်-၂၃၊ ၂၀၁၈ကျပ်သိန်း ၈၀၀ နီးပါး ကုန်ကျမည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစ

  • 6 years ago
ကယားပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ဖျက်သိမ်း

ဇူလိုင်-၂၃၊ ၂၀၁၈

ကျပ်သိန်း ၈၀၀ နီးပါး ကုန်ကျမည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်စိုက်ထူဖို့ ပြည်နယ်အစိုးရက ဦး ဆောင်ဖွဲ့ စည်းထားတဲ့ ကြေးရုပ်ထုဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းလိုက်ပြီလို့ ကားယားပြည် နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ် ။

ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ ကျင်းပတဲ့ သတင်းစားရှင်းလင်းပွဲမှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်း ရှို က ပြောကြားလိုက်တာပါ ။


ဒါပေမယ့် ရုပ်တုဖြစ်မြောက်ရေးကော်မတီကို မြိုခံတွေ၊ လူမှုရေးအသင်းအဖွဲ့တွေပါဝင်ပြီး ထပ်မံဖွဲ့စည်းမယ် လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထုကို ကယားပြည်နယ်ခန်းမအနီးက ပန်းခြံမှာထားဖို့ ပြည်နယ်အစိုးရက ဖေဖော်ဝါရီလ ဆန်းမှာ ဆုံးဖြတ်ခဲ့ပြီးနောက် ဒေသခံအချို့ နဲ့ ပြည်နယ်အစိုးရအကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

အစိုးကဘက်က ရှေ့ဆက်တိုးခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်စီမံကိန်းကို ဒေသခံ ၁၀၀၀ ခန့်က ဇူလိုင် လဆန်းက ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ ဒီထဲက ခေါင်းဆောင် ၁၀ ဦးကျော်ကို လည်း အစိုးရက တရားစွဲဆိုထား ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်က ပြုလုပ်တဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ လက်နက်ကိုင်အဖွဲံ့တွေနဲ့ ကြေးရုပ်စိုက်ထူရေးကို ကန့်ကွက်သူတွေပါ တက်ရောက်တဲ့ ဆွေးနွေးပွဲမှာလည်း ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်မှုများ ပြင်းထန်လာရင် တပ်မတော်ကို ကိုင်တွယ်ဖို့ တာဝန်ပေးရမယ်လို့ ကယားဝန်ကြီးချုပ်ကပြောကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဒီနေ့ရှင်းလင်းပွဲမှာတော့ ဝန်ကြီးချုပ်က သူအဲဒီလို ပြောကြားခဲ့တာ မဟုတ်ဘဲ ကန့်ကွက်မှုတွေ ပြသနာတွေ ထပ်ဖြစ်လာရင် ကိုင်တွယ်ဖို့ နယ်၊လုံဝန်ကြီးကို တာဝန်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ရုပ်သံသတင်းထောက်-စောအောင်မင်းဦး

Recommended