ဇူလိုင် - ၆၊၂၀၁၈
(Unicode)
ထွန်းထွန်းပြောပြတဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်း
ဇူလိုင် - ၆၊၂၀၁၈
မကြာခင်မှာရုံတင်ပြသတော့မယ့် “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီထွန်းထွန်းကတော့ ဒီဇာတ်ကားကို လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ်ကြည့်ရှုရမယ်လို့ ဖွင့်ဟလာပါတယ်။
ရို့မန့် ဒရာမာ ဇာတ်ကားအမျိုးအစားလေးဖြစ်ပြီး ပရိသတ်တွေအတွက် ထူးခြားတဲ့ ဇာတ်အိမ်နဲ့အတူ အနုပညာမောင်နှမတွေ အတွဲညီညီသရုပ်ဆောင်ထားတယ်လို့ အကယ်ဒမီ ထွန်းထွန်းကပြောပါတယ်။
ထွန်းထွန်းအနေနဲ့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးမှာ တောင်ပေါ်မြို့လေးရဲ့ ကျောင်းဆရာတစ်ယောက်အနေနဲ ပါဝင်သရုပ်ဆောင်ထားပြီး အေးစက်နေတဲ့တောင်ပေါ်မြို့မှာပဲ တစ်ကားလုံးသရုပ်ဆောင်ထားရတဲ့အတွက် သူ့အတွက် အမှတ်တရဖြစ်စေတယ်လို့ ထွန်းထွန်းကပြောပါတယ်။
ဒီဇာတ်ကားဟာ သူရိုက်ကူးဖူးတဲ့ကာရိုက်တာမဟုတ်တဲ့အတွက် တချို့စကားလုံးတွေပြောဆိုတဲ့နေရာမှာ အခက်အခဲရှိပြီး ထွန်းထွန်းကိုချစ်ကြတဲ့ပရိသတ်တွေအတွက်တော့ ရသကောင်းတစ်ခုကို ထပ်မံခံစားရမယ်လို့ ထွန်းထွန်းကဆိုပါတယ်။
“တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သြရသက ရိုက်ကူးထားတာဖြစ်ပြီး အကယ်ဒမီနေတိုး၊ အကယ်ဒမီထွန်းထွန်း၊ ခင်ဝင့်ဝါ၊ ထိုင်းမင်းသမီး ငုရင်ထရန်ဟု ရန်မေ တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်
#ထွန်းထွန်း #လေးပွင့်ဆိုင် #တိမ်တိုက်တံတား #7DAY TV

Category
😹
Fun