
  • 6 years ago

ဇူလိုင်-၁၊ ၂၀၁၈



(Unicode)

တန်ဖိုးနည်းအိမ်ယာဝယ်ခွင့်ရသူစာရင်း ဒီလဆန်းမှာ ကြေညာမယ်

ဇူလိုင်-၁၊ ၂၀၁၈

ပြည်သူ့အိမ်ယာဝယ်ယူခွင့်ရရှိသူတွေရဲ့ အမည်စာရင်းကို အခုလဆန်းမှာထုတ်ပြန်မယ်လို့ သိရပါတယ်။
ပြည်သူ့အိမ်ယာအခန်းပေါင်းတစ်ထောင်အတွက် လာရောက်လျှောက်ထားသူ၆ထောင်ထဲကနေ ဝယ်ယူခွင့်ရရှိသူတွေရဲ့ အမည်စာရင်းကို ဇွန်၂၅ရက်ကမဲနှိုက်ခဲ့တာပါ။
အဲဒီ့အမည်စာရင်းတွေကို ကြေညာပေးမှာဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ နေထိုင်မယ့်နေရာနဲ့အခန်းအမျိုးအစားကို ကိုယ်တိုင်မဲနှိုက်ရမှာဖြစ်ပါတယ်။
တောင်ဒဂုံ၊ဒဂုံဆိပ်ကမ်း၊သင်္ဃန်းကျွန်း၊မြောက်ဥက္ကလာ၊ရွှေပြည်သာ၊လှိုင်သာယာ မြို့နယ်၆ခုကအိမ်ယာတွေကို ဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Category

😹
Fun

Recommended