Hailey Bieberဆိုတဲ့ စကားလံုးကို မူပိုင္ခြင့္ မွတ္ပံုတင္လုိက္တဲ့ ေဟလီေဘာ္လ္ဒြင္ေအာက္တိုဘာ - ၂၀ ၊၂၀၁၈ ဂ်က္စတင္ဘီဘာနဲ႔ သူ႔ရဲ႕ နာမည္ေတြ ေပါင္းစပ္ထားတဲ့ စကားလံုး

  • 6 years ago
Hailey Bieberဆိုတဲ့ စကားလံုးကို မူပိုင္ခြင့္ မွတ္ပံုတင္လုိက္တဲ့ ေဟလီေဘာ္လ္ဒြင္

ေအာက္တိုဘာ - ၂၀ ၊၂၀၁၈

ဂ်က္စတင္ဘီဘာနဲ႔ သူ႔ရဲ႕ နာမည္ေတြ ေပါင္းစပ္ထားတဲ့ စကားလံုး တစ္ခုကို ေဟလီ ေဘာ္လ္ဒြင္က မူပိုင္ခြင့္ မွတ္ပံုတင္ထားလုိက္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ စူပါေမာ္ဒယ္လ္ဟာ ကေနဒါ Popဂီတ အဆိုေတာ္ ဂ်က္စတင္ဘီဘာနဲ႔ လက္ထပ္ထားၿပီးၿပီလုိ႔ ေကာလဟလေတြ ထြက္ေပၚေနပါတယ္။

ဒါေပမဲ့ သူတုိ႔ စံုတြဲဟာ မဂၤလာ ဧည့္ခံပြဲ မက်င္းပရေသးသလို လက္ထပ္ၿပီးၿပီဆိုတဲ့ သတင္းကိုလည္း တရားဝင္ အတည္မျပဳေသးပါဘူး။

အခုအခါမွာေတာ့ ေဟလီဟာ Hailey Bieberဆိုတဲ့ ေဝါဟာရကို မူပိုင္ခြင့္ ေလွ်ာက္ထား မွတ္ပံုတင္လုိက္ၿပီလို႔ သိရပါတယ္။

ဒါဟာ သူတို႔ရဲ႕ အခ်စ္ေရး ဆက္ႏႊယ္မႈကို ပေရာ္ဖက္ရွင္နယ္ အလုပ္အကိုင္ အတြက္ပါ ေပါင္းစပ္ အသံုးခ်မယ့္ ေဟလီရဲ႕ ပထမဆံုး ေျခလွမ္း တစ္ခုလို႔လည္း ယူဆရပါတယ္။

ဒီေဝါဟာရကို မွတ္ပံုတင္ထားတဲ့ ရည္ရြယ္ခ်က္ကို တိတိက်က် မသိရေသးေပမယ့္ အနာဂတ္မွာ ေဟလီ တည္ေထာင္မယ့္ ဖက္ရွင္ အမွတ္တံဆိပ္ တစ္ခုရဲ႕ နာမည္ ျဖစ္လာႏုိင္တယ္လုိ႔ နီးစပ္သူေတြက ေျပာပါတယ္။

ေဟလီနဲ႔ ဂ်က္စတင္တုိ႔ဟာ ၂၀၁၅ မွာ စတင္ဆံုဆည္းခဲ့ေပမယ့္ တစ္ႏွစ္ေလာက္ အၾကာမွာ လမ္းခြဲခဲ့ပါတယ္။ အခုႏွစ္၊ ေမလမွာေတာ့ ျပန္ေပါင္းထုပ္ျဖစ္ခဲ့ၿပီး ဇူလိုင္လဆန္းမွာ ဂ်က္စတင္က လက္ထပ္ခြင့္ ေတာင္းခံတာကို ေဟလီက လက္ခံခဲ့တာ ျဖစ္ပါတယ္။

(Unicode)

Hailey Bieberဆိုတဲ့ စကားလုံးကို မူပိုင်ခွင့် မှတ်ပုံတင်လိုက်တဲ့ ဟေလီဘော်လ်ဒွင်

အောက်တိုဘာ - ၂၀ ၊၂၀၁၈

ဂျက်စတင်ဘီဘာနဲ့ သူ့ရဲ့ နာမည်တွေ ပေါင်းစပ်ထားတဲ့ စကားလုံး တစ်ခုကို ဟေလီ ဘော်လ်ဒွင်က မူပိုင်ခွင့် မှတ်ပုံတင်ထားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် စူပါမော်ဒယ်လ်ဟာ ကနေဒါ Popဂီတ အဆိုတော် ဂျက်စတင်ဘီဘာနဲ့ လက်ထပ်ထားပြီးပြီလို့ ကောလဟလတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ သူတို့ စုံတွဲဟာ မင်္ဂလာ ဧည့်ခံပွဲ မကျင်းပရသေးသလို လက်ထပ်ပြီးပြီဆိုတဲ့ သတင်းကိုလည်း တရားဝင် အတည်မပြုသေးပါဘူး။

အခုအခါမှာတော့ ဟေလီဟာ Hailey Bieberဆိုတဲ့ ဝေါဟာရကို မူပိုင်ခွင့် လျှောက်ထား မှတ်ပုံတင်လိုက်ပြီလို့ သိရပါတယ်။

ဒါဟာ သူတို့ရဲ့ အချစ်ရေး ဆက်နွှယ်မှုကို ပရော်ဖက်ရှင်နယ် အလုပ်အကိုင် အတွက်ပါ ပေါင်းစပ် အသုံးချမယ့် ဟေလီရဲ့ ပထမဆုံး ခြေလှမ်း တစ်ခုလို့လည်း ယူဆရပါတယ်။

ဒီဝေါဟာရကို မှတ်ပုံတင်ထားတဲ့ ရည်ရွယ်ချက်ကို တိတိကျကျ မသိရသေးပေမယ့် အနာဂတ်မှာ ဟေလီ တည်ထောင်မယ့် ဖက်ရှင် အမှတ်တံဆိပ် တစ်ခုရဲ့ နာမည် ဖြစ်လာနိုင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဟေလီနဲ့ ဂျက်စတင်တို့ဟာ ၂၀၁၅ မှာ စတင်ဆုံဆည်းခဲ့ပေမယ့် တစ်နှစ်လောက် အကြာမှာ လမ်းခွဲခဲ့ပါတယ်။ အခုနှစ်၊ မေလမှာတော့ ပြန်ပေါင်းထုပ်ဖြစ်ခဲ့ပြီး ဇူလိုင်လဆန်းမှာ ဂျက်စတင်က လက်ထပ်ခွင့် တောင်းခံတာကို ဟေလီက လက်ခံခဲ့တာ ဖြစ်ပါတယ်။