ခ်င္းျပည္နယ္အတြင္းက ေျမကြက္ေတြကို ပံုစံ ၁၀၅/၁၀၆ ထုတ္ေပးႏုိင္ဖုိ႔ အစိုးရ စီစဥ္ဇြန္- ၂၅၊ ၂၀၁၈ခ်င္းျပည္နယ္မွာ ေျမကြက္ပိုင္ဆိုင္ခြင့္ေတြအတြက္ ပုံစံ ၁၀၅/၁၀၆ ထုတ္

  • 6 years ago
ခ်င္းျပည္နယ္အတြင္းက ေျမကြက္ေတြကို ပံုစံ ၁၀၅/၁၀၆ ထုတ္ေပးႏုိင္ဖုိ႔ အစိုးရ စီစဥ္

ဇြန္- ၂၅၊ ၂၀၁၈

ခ်င္းျပည္နယ္မွာ ေျမကြက္ပိုင္ဆိုင္ခြင့္ေတြအတြက္ ပုံစံ ၁၀၅/၁၀၆ ထုတ္ထားတာေတြ မရွိတာေၾကာင့္ ပံုစံ ၁၀၅/၁၀၆ ေတြ ထုတ္ေပးႏုိင္ဖုိ႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔အေနနဲ႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဘိုးဘြားလက္ထက္ကတည္းက ဓားမဦးခ် ေနထုိင္ေနသူေတြ မ်ားခဲ့တဲ့အတြက္ ေျမကြက္ေတြမွာ ပံုစံ ၁၀၅/၁၀၆ ေတြ မရွိတာလို႔ သိရပါတယ္ ။

အခုဆုိရင္ ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္မွာ ပံုစံ ၁၀၅/၁၀၆ ထုတ္ေပးတာ ေျမကြက္ ၁၆ ကြက္ ရွိေနၿပီး ပလက္ဝမွာေတာ့ ၁ ကြက္ ရွိတယ္လို႔ သိရပါတယ္။

လက္ရွိ ခ်င္းျပည္နယ္အတြင္းမွာ ဟိုတယ္တည္ေဆာက္ႏုိင္ဖုိ႔ ဟားခါးမွာ ကုမၸဏီ သံုးခု၊ ဖလန္းမွာလည္း ကုမၸဏီ ႏွစ္ခု၊ တီးတိန္မွာ ကုမၸဏီ ႏွစ္ခု၊ ပလက္ဝၿမိဳ႕နယ္မွာ တခုနဲ႔ ထန္တလန္မွာ ဟုိတယ္တခု တည္ေဆာက္ဖုိ႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔အေနနဲ႔ ခြင့္ျပဳထားတာ ရွိတယ္လို႔ ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ပူးဆလုိင္းလ်န္လြယ္ထံမွ သိရပါတယ္။

ရုပ္သံ သတင္းေထာက္- အလွေလး သူဇာ

Unicode

ချင်းပြည်နယ်အတွင်းက မြေကွက်တွေကို ပုံစံ ၁၀၅/၁၀၆ ထုတ်ပေးနိုင်ဖို့ အစိုးရ စီစဉ်

ဇွန်- ၂၅၊ ၂၀၁၈

ချင်းပြည်နယ်မှာ မြေကွက်ပိုင်ဆိုင်ခွင့်တွေအတွက် ပုံစံ ၁၀၅/၁၀၆ ထုတ်ထားတာတွေ မရှိတာကြောင့် ပုံစံ ၁၀၅/၁၀၆ တွေ ထုတ်ပေးနိုင်ဖို့ ချင်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဘိုးဘွားလက်ထက်ကတည်းက ဓားမဦးချ နေထိုင်နေသူတွေ များခဲ့တဲ့အတွက် မြေကွက်တွေမှာ ပုံစံ ၁၀၅/၁၀၆ တွေ မရှိတာလို့ သိရပါတယ် ။

အခုဆိုရင် ချင်းပြည်နယ် မတူပီမြို့နယ်မှာ ပုံစံ ၁၀၅/၁၀၆ ထုတ်ပေးတာ မြေကွက် ၁၆ ကွက် ရှိနေပြီး ပလက်ဝမှာတော့ ၁ ကွက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ချင်းပြည်နယ်အတွင်းမှာ ဟိုတယ်တည်ဆောက်နိုင်ဖို့ ဟားခါးမှာ ကုမ္ပဏီ သုံးခု၊ ဖလန်းမှာလည်း ကုမ္ပဏီ နှစ်ခု၊ တီးတိန်မှာ ကုမ္ပဏီ နှစ်ခု၊ ပလက်ဝမြို့နယ်မှာ တခုနဲ့ ထန်တလန်မှာ ဟိုတယ်တခု တည်ဆောက်ဖို့ ချင်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ခွင့်ပြုထားတာ ရှိတယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ပူးဆလိုင်းလျန်လွယ်ထံမှ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

😹
Fun

Recommended