မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ရှင်တော်ကုန်းကျေးရွာ အုပ်စုရှိ၊(ယခင် စက်မှုတက္ကသိုလ်) မန္တလေး နည်းပညာတက္ကသိုလ် တည်ထောင်ရန်သိမ်းယူခဲ့သောလယ်ယာမြေများအနက် လယ်သ

  • 6 years ago
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ရှင်တော်ကုန်းကျေးရွာ အုပ်စုရှိ၊(ယခင် စက်မှုတက္ကသိုလ်) မန္တလေး နည်းပညာတက္ကသိုလ် တည်ထောင်ရန်သိမ်းယူခဲ့သောလယ်ယာမြေများအနက် လယ်သိမ်းခံတောင်သူများမှပြန်လည်စွန့်လွှတ်ရန်တင်ပြတောင်းဆိုထားသော ကိစ္စမပြီးပြတ်သေးသည့်ပိုလျှံ မြေပေါ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်သစ်ပင်စိုက်ပွဲပြုလုပ်ခြင်းအခမ်းအနားကို မြေသိမ်းခံတောင်သူများမှကန့်ကွက်ကြောင်း ၂၀၁၈ ခုနှစ်၊ဇွန်လ ၁၉ ရက်၊နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ရှင်တော်ကုန်းကျေးရွာ အုပ်စုရှိ၊(ယခင် စက်မှုတက္ကသိုလ်) မန္တလေး နည်းပညာတက္ကသိုလ်ရှေ့တွင် ဆန္ဒထုတ်ဖော်စဉ်။
ရိုက်ကူး ဘိုဘို မဇ္ဈိမ

ယခုသစ်ပင်စိုက်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများတက်ရောက်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်သသစ်ပင်များစိုက်ပျိုးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ရှင်တော်ကုန်းကျေးရွာ အုပ်စုရှိ၊(ယခင် စက်မှုတက္ကသိုလ်) မန္တလေး နည်းပညာတက္ကသိုလ်တည်ထောင်ရန် မြေဧက(၇၀၄)ဧက ခန့်သိမ်းယူခဲ့ပြီးလက်ရှိအချိန်ထိ လုပ်ငန်းအတွက်အသုံးပြုထားခြင်းမရှိသေးသောမြေ(၅၀၄)ဧကခန့်ကိုသာပြန်လည်စွန့်လွှတ်ပေးရန်တင်ပြတောင်းဆိုထားခြင်းဖြစ်ကြောင်း လယ်သိမ်းခံတောင်သူများထံမှသိရှိရသည်။