ေဘာလုံးကြင္းသုံးကြင္းဌားရမး္တာကေန တစ္ႏွစ္ကို က်ပ္သိန္း ၁၃၀ ရရိွ ဇြန္ - ၇ ၊၂၀၁၈ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ထံ ဌားရမ္းထားတဲ့ ေအာင္ဆန္းေဘာလံုးကြင္း၊ ပဒုမၼာကြ

  • 6 years ago
ေဘာလုံးကြင္းသုံးကြင္းဌားရမး္တာကေန တစ္ႏွစ္ကို က်ပ္သိန္း ၁၃၀ ရရိွ

ဇြန္ - ၇ ၊၂၀၁၈

ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ထံ ဌားရမ္းထားတဲ့ ေအာင္ဆန္းေဘာလံုးကြင္း၊ ပဒုမၼာကြင္းနဲ႔ စလင္းေဘာလံုးကြင္းတို႔ကေန တစ္ႏွစ္ကို ဌားရမ္းခ ေငြက်ပ္သိန္း၁၃၀ရရွိတယ္လို႔ ရန္ကုန္တိုင္းလူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းကေျပာပါတယ္။

မေန႔ကရန္ကုန္တိုင္းလႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က အဲဒီ့ေဘာလံုးကြင္းေတြကို ႏိုင္ငံေတာ္က ဘယ္လိုသေဘာတူညီခ်က္ေတြနဲ႔ လႊဲေျပာင္းတာဝန္ေပးထားသလဲဆိုတဲ့ ေမးခြန္းေမးျမန္းခဲ့တာပါ။

အဲဒီ့ကြင္းေတြကို ၿပီးခဲ့တဲ့၂၀၁၀ခုႏွစ္က ျပည္ေထာင္စုအစိုးရအဖြဲ႔ကေန ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ထံ ကနဦးသုံးႏွစ္အခမဲ႔ဌားရမ္းထားတာျဖစ္ပါတယ္။

ကနဦးသုံးႏွစ္အခမဲ့ဌားရမ္းၿပီးတဲ့ႏွစ္ကစလို႔ ႏွစ္ေပါင္း၃၀ဌားရမ္းထားတာျဖစ္တယ္လုိ႔လည္း ဦးႏိုင္ငံလင္းကေျပာပါတယ္။

ႏိုင္ငံေတာ္ပိုင္ေျမေတြ၊ အေဆာက္အအံုေတြနဲ႔ အားကစားကြင္းေတြရဲ႕ ဌားရမ္းခႏႈန္းထားေတြ နည္းပါးေနတဲ့အေပၚ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက မၾကာခဏဆိုသလို လႊတ္ေတာ္မွာ ေျပာၾကားမႈေတြရွိေနပါတယ္။

ရုပ္သံသတင္းေထာက္ - အိမ့္ျမတ္ႏိုးေဇာ္

Unicode

ဘောလုံးကွင်းသုံးကွင်းဌားရမ်းတာကနေ တစ်နှစ်ကို ကျပ်သိန်း ၁၃၀ ရရှိ

ဇွန် - ၇ ၊၂၀၁၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ ဌားရမ်းထားတဲ့ အောင်ဆန်းဘောလုံးကွင်း၊ ပဒုမ္မာကွင်းနဲ့ စလင်းဘောလုံးကွင်းတို့ကနေ တစ်နှစ်ကို ဌားရမ်းခ ငွေကျပ်သိန်း၁၃၀ရရှိတယ်လို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောပါတယ်။

မနေ့ကရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အဲဒီ့ဘောလုံးကွင်းတွေကို နိုင်ငံတော်က ဘယ်လိုသဘောတူညီချက်တွေနဲ့ လွှဲပြောင်းတာဝန်ပေးထားသလဲဆိုတဲ့ မေးခွန်းမေးမြန်းခဲ့တာပါ။

အဲဒီ့ကွင်းတွေကို ပြီးခဲ့တဲ့၂၀၁၀ခုနှစ်က ပြည်ထောင်စုအစိုးရအဖွဲ့ကနေ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ ကနဦးသုံးနှစ်အခမဲ့ဌားရမ်းထားတာဖြစ်ပါတယ်။

ကနဦးသုံးနှစ်အခမဲ့ဌားရမ်းပြီးတဲ့နှစ်ကစလို့ နှစ်ပေါင်း၃၀ဌားရမ်းထားတာဖြစ်တယ်လို့လည်း ဦးနိုင်ငံလင်းကပြောပါတယ်။

နိုင်ငံတော်ပိုင်မြေတွေ၊ အဆောက်အအုံတွေနဲ့ အားကစားကွင်းတွေရဲ့ ဌားရမ်းခနှုန်းထားတွေ နည်းပါးနေတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက မကြာခဏဆိုသလို လွှတ်တော်မှာ ပြောကြားမှုတွေရှိနေပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်